ဝက်ဖို့ဒ်၊ ဘန်လေနဲ့ အဲဗာတန်အသင်းတို့ရဲ့ နည်းပြဟောင်း ရှောင်ဒိုက်ဟာ နော်တင်ဟမ်ဖောရက်စ်နည်းပြရာထူးအတွက် ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရပါတယ်။
ရှောင်ဒိုက်(၅၄ နှစ်)ဟာ ၂၀၂၅ ဇန်နဝါရီမှာ အဲဗာတန်နည်းပြရာထူးက ထုတ်ပယ်ခံခဲ့ရပြီး လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေသူပါ။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ နည်းပြ ပိုစတီကိုဂလူးကို (၃၉)ရက်အကြာမှာ ရာထူးက ထုတ်ပယ်ခဲ့ပြီးနောက် အစားထိုးခန့်အပ်ဖို့ နည်းပြသစ် ရှာဖွေနေရာမှာ အသင်းလက်မဲ့နည်းပြတွေဖြစ်တဲ့ ရှောင်ဒိုက်နဲ့ မန်စီနီတို့ကို အဓိကပစ်မှတ်ထားနေပြီး မန်စီးတီးနည်းပြဟောင်း မန်စီနီနဲ့ ဆွေးနွေးမှု အဆင်မပြေတာကြောင့် ရှောင်ဒိုက်က ပိုရေပန်းစားလာခြင်းဖြစ်ကြောင်း သိရပါတယ်။
မန်စီနီက မန်ယူအသင်းသာ လက်ရှိနည်းပြ အာမိုရင်မ်ကို ရာထူးက ထုတ်ပယ်ခဲ့ရင် အစားထိုးခံရမယ့်နည်းပြအဖြစ် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သတင်းထွက်ခဲ့သူလည်းဖြစ်ပါတယ်။
နော်တင်ဟမ်ဖောရက်စ်နည်းပြသစ်အဖြစ် ရှောင်ဒိုက်ကို ၂း၉ လေး သတ်မှတ်ပေးထားပြီး ဖူလ်ဟမ်နည်းပြ မာကိုဆေးလ်ဗားက ၄း၁ လေး၊ မန်စီနီက ၁ဝး၁ လေး၊ လီဗာပူးလ်နည်းပြဟောင်း ဘင်နီတက်ဇ်က ၁၂း၁ လေး၊ ပဲလေ့စ်နည်းပြ ဂလက်စ်နာက ၂၅း၁ လေး သတ်မှတ်ခံထားရကြောင်း သိရပါတယ်။
နော်တင်ဟမ်ဖောရက်စ်နည်းပြရာထူးအတွက် ရှောင်ဒိုက် ရေပန်းအစားဆုံးဖြစ်နေ
Most Read
Most Recent
1 hour ago















