ဆယ်မီညိုကို ဘုန်းမောက်အသင်း ပေါင်(၇၅)သန်းတန် လျော်ကြေးစာချုပ် ချုပ်ဆိုထားကြောင်း သတင်းထွက်

ဆယ်မီညိုကို ဘုန်းမောက်အသင်း ပေါင်(၇၅)သန်းတန် လျော်ကြေးစာချုပ် ချုပ်ဆိုထားကြောင်း သတင်းထွက်
Photo: X
Photo: X
Published 15 October 2025

ဘုန်းမောက်အသင်းဟာ ဂါနာတိုက်စစ်မှူး ဆယ်မီညိုကို ပေါင်(၇၅)သန်းတန် လျော်ကြေးစာချုပ်ချုပ်ဆိုထားကြောင်း သတင်းထွက်လာခဲ့ပါတယ်။

ဆယ်မီညိုဟာ ဂါနာလက်ရွေးစင်ကစားသမားဖြစ်ပေမဲ့ အင်္ဂလန်မှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး ဘရစ္စတိုးလ်စီးတီးကတစ်ဆင့် ဘုန်းမောက်အသင်းကို ရောက်ရှိခဲ့တာပါ။

ဘုန်းမောက်အသင်းမှာ တစ်ရာသီထက်တစ်ရာသီ ပိုမိုခြေစွမ်းပြလာတဲ့ ဆယ်မီညို(၂၅ နှစ်)ကို ပရီးမီးယားလိဂ်ထိပ်သီးအသင်းများစွာက ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဘုန်းမောက်အသင်းက ပြီးခဲ့တဲ့နွေရာသီမှာ ဆက်ထိန်းထားနိုင်ခဲ့ပေမဲ့ လျော်ကြေးစာချုပ် ချုပ်ဆိုခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။

ဘုန်းမောက်အသင်းက ဆယ်မီညိုကို ဇူလိုင်(၁)ရက်မှာ ၂၀၃၀ အထိ သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ပေမဲ့ လာမယ့်နွေရာသီမှာ ပေါင်(၇၅)သန်းနဲ့ ခေါ်ယူမယ့်အသင်းရှိရင် ရောင်းထုတ်ရတော့မှာဖြစ်ပါတယ်။

အခုလို လျော်ကြေးစာချုပ်သတင်း ထွက်ပေါ်လာခဲ့တာကြောင့် ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေ အပြိုင်ကြိုးပမ်းကြဖွယ်ရှိနေပြီး လီဗာပူးလ်က အလေးအသာဆုံးဖြစ်နေကြောင်းလည်း ထင်ကြေးပေးနေကြပါတယ်။

 

Most Read

Most Recent