ဂါနာအသင်းဟာ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဖရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ကိုမိုရော့စ်အသင်းကို (၁-၀)ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့ကြောင်း သိရပါတယ်။
ဂါနာအသင်းဟာ အုပ်စုဒုတိယနေရာက မာဒါဂါစကာအသင်းကို (၆)မှတ်ဖြတ်ပြီး အုပ်စုပထမနေရာရရှိခဲ့တာကြောင့် ခြေစစ်ပွဲအောင်မြင်ခဲ့တာပါ။
ဂါနာအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ခြေစစ်ပွဲအောင်မြင်ခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို နှစ်ကြိမ်ဆက်ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို ပဥ္စမအကြိမ် ယှဉ်ပြိုင်ခွင့်ရရှိတာဖြစ်ပါတယ်။
ဂါနာအသင်းဟာ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာမှ စတင်ယှဉ်ပြိုင်ခွင့်ရရှိတာဖြစ်ပေမဲ့ နောက်ဆုံးကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ(၅)ကြိမ်မှာ (၄)ကြိမ်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ကြိမ်သာ ခြေစစ်ပွဲမအောင်ခဲ့တာပါ။
လက်ရှိအချိန်မှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိတဲ့အသင်းပေါင်း (၂၁)သင်းအထိ အဖြေထွက်ခဲ့ပြီဖြစ်ပါတယ်။
ဂါနာအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ နှစ်ကြိမ်ဆက် အောင်မြင်
Most Read
Most Recent
16 hours ago















