မိမိအနေနဲ့ အင်္ဂလန်အသင်းအတွက် ရွေးချယ်ခံရဖို့ ထိုက်တန်မှုရှိတယ်လို့ ဟန်ဒါဆန် ပြောကြား

မိမိအနေနဲ့ အင်္ဂလန်အသင်းအတွက် ရွေးချယ်ခံရဖို့ ထိုက်တန်မှုရှိတယ်လို့ ဟန်ဒါဆန် ပြောကြား
Photo: X
Photo: X
Published 8 October 2025

ဘရန့်ဖို့ဒ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဟန်ဒါဆန်က မိမိအနေနဲ့ အင်္ဂလန်အသင်းအတွက် ရွေးချယ်ခံရဖို့ ထိုက်တန်မှုရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

အသက်(၃၅)နှစ်ရှိပြီဖြစ်တဲ့ ဟန်ဒါဆန်ဟာ ဝေးလ်စ်နဲ့ ခြေစမ်းပွဲ၊ လတ်ဗီးယားနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက် ရွေးချယ်ထားတဲ့ အင်္ဂလန်အသင်းရဲ့လူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။

ဟန်ဒါဆန်ဟာ လီဗာပူးလ်အသင်းမှာ ပွဲပေါင်း(၅၀၀)နီးပါး ကစားခဲ့သူဖြစ်ပြီး ၂၀၂၃ နွေရာသီမှာ ဆော်ဒီကလပ် အယ်လ်အက်တီဖတ်၊ ၂၀၂၄ ဇန်နဝါရီမှာ နယ်သာလန်ကလပ် အေဂျက်စ်အသင်းတွေဆီ ပြောင်းရွှေ့ကစားခဲ့ပြီး ဒီနွေမှာမှ အင်္ဂလန်မြေကို ပြန်ရောက်လာခဲ့တာပါ။

အင်္ဂလန်ဘောလုံးလောကမှ ရှိမနေတဲ့ကာလအတွင်း ယူရို-၂၀၂၄ ပြိုင်ပွဲနဲ့ လွဲချော်ခဲ့ရတာကြောင့်လည်း ဟန်ဒါဆန်က အဲဒီကာလဟာ သူ့ရဲ့ ကစားသမားဘဝမှာ အခက်ခဲဆုံးဖြစ်ခဲ့ကြောင်းနဲ့ သူ့ရဲ့ခြေစွမ်းက အင်္ဂလန်အသင်းအတွက် ရွေးချယ်ခံရဖို့ ထိုက်တန်ကြောင်း ပြောကြားခဲ့တာပါ။

''ကျွန်တော် အင်္ဂလန်အသင်းအတွက် ဘာလုပ်နိုင်သလဲဆိုတာ ပြီးခဲ့တဲ့နှစ်တွေမှာ ပြသခဲ့ပြီးပါပြီ။ ကျွန်တော် ထိပ်တန်းအဆင့်မှာ ကစားနေတုန်းပါပဲ။ လူတွေက သူတို့ဆန္ဒရှိတာကို တွေးနိုင်ကြပါတယ်။ အရေးအကြီးဆုံးက နည်းပြ၊ နည်းပြအဖွဲ့နဲ့ ကစားသမားတွေ ဘာတွေးသလဲ ဆိုတာပါပဲ။ ကျွန်တော်က ပိုကောင်းတဲ့ကစားသမားဖြစ်အောင်၊ အသင်းဖော်တွေကို ကူညီနိုင်အောင် ကြိုးစားနေတဲ့သူပါ'' လို့ ဟန်ဒါဆန်က ပြောကြားခဲ့ပါတယ်။

Most Read

Most Recent