အီတလီ - အစ္စရေးပွဲမှာ ကွင်းထဲလာကြည့်မယ့် ပရိသတ်ထက် ဆန္ဒပြမယ့်သူက ပိုများလိမ့်မယ်လို့ ဂတ်တူဆို သုံးသပ်

အီတလီ - အစ္စရေးပွဲမှာ ကွင်းထဲလာကြည့်မယ့် ပရိသတ်ထက် ဆန္ဒပြမယ့်သူက ပိုများလိမ့်မယ်လို့ ဂတ်တူဆို သုံးသပ်
Photo: X
Photo: X
Published 8 October 2025

အီတလီလက်ရွေးစင်အသင်းနည်းပြ ဂတ်တူဆိုက အစ္စရေးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ကွင်းထဲလာကြည့်မယ့် ပရိသတ်ထက် ဆန္ဒပြမယ့်သူက ပိုများလိမ့်မယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။

အစ္စရေးနိုင်ငံဟာ ပါလက်စတိုင်းနိုင်ငံရဲ့ မြို့တော် ဂါဇာကို တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် ပြစ်တင်ရှုတ်ချမှုတွေနဲ့ ရင်ဆိုင်နေရပြီး အစ္စရေးဘောလုံးအသင်းတွေကို FIFA နဲ့ UEFA ရဲ့လက်အောက်က ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခွင့်မပေးသင့်ကြောင်း တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။

ဒါပေမဲ့ FIFA နဲ့ UEFA က လက်ရှိအချိန်အထိ ပိတ်ပင်တားဆီးမှု မပြုလုပ်သေးတာကြောင့် အစ္စရေးလက်ရွေးစင်အသင်းဟာ အောက်တိုဘာ(၁၁)မှာ နော်ဝေ၊ အောက်တိုဘာ(၁၄)မှာ အီတလီအသင်းတွေနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ အဝေးကွင်းပွဲစဉ်တွေ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

အစ္စရေးရဲ့လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်နေကြတဲ့ အီတလီပြည်သူတွေက ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း အီတလီအသင်းရဲ့ လေ့ကျင့်ရေးကွင်းကို လာရောက်ပြီး အစ္စရေးနဲ့ပွဲကို မကစားဖို့ တောင်းဆိုခဲ့ကြသလို၊ ပွဲနေ့မှာလည်း ကွင်းပြင်ပမှာ စုဝေးဆန္ဒပြဖို့ စီစဉ်နေကြကြောင်း သိရပါတယ်။

ဒါကြောင့် ဂတ်တူဆိုက ကွင်းထဲမှာ ပရိသတ် ၅၀၀၀၊ ၆၀၀၀ လောက်သာရှိမှာဖြစ်ပြီး ကွင်းပြင်မှာ ၁၀၀၀၀ လောက်ရှိနေမှာဖြစ်ကြောင်း၊ ဒီပွဲကို မကစားခဲ့ရင် (၀-၃)ဂိုးနဲ့ အရှုံးရမှာဖြစ်လို့ မဖြစ်မနေကစားသွားရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Most Read

Most Recent