ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက်ပုံစံ(၁၅)များကို သြဂုတ် ၂၁ ရက်မှစတင် သက်ဆိုင်ရာသံရုံးများတွင် စတင်ထုတ်ယူနိုင်ကြောင်း UEC ကြေညာ

ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက်ပုံစံ(၁၅)များကို သြဂုတ် ၂၁ ရက်မှစတင် သက်ဆိုင်ရာသံရုံးများတွင် စတင်ထုတ်ယူနိုင်ကြောင်း UEC ကြေညာ
Published 21 August 2025

ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက်ပုံစံ (၁၅)များကို သြဂုတ် ၂၁ ရက်မှစတင် သက်ဆိုင်ရာသံရုံးများတွင် စတင်ထုတ်ယူနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ယနေ့(သြဂုတ် ၂၁ ရက်)တွင် ကြေညာသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အထွေထွေရွေးကောက်ပွဲ အပိုင်း( ၁ )ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ၂၈ ရက်( တနင်္ဂနွေနေ့)တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။

သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၈၂(က)အရ ပြည်ပရောက်မဲဆန္ဒရှင်များမှ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက်ပုံစံ(၁၅)များကို သက်ဆိုင်ရာသံရုံးများတွင် စတင် ထုတ်ယူနိုင်မည့်နေ့ရက်သည် ၂၀၂၅ ခုနှစ် သြဂုတ် ၂၁ ရက်ဖြစ်ကြောင်း၊ ပုံစံ (၁၅)များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် Website၊ နိုင်ငံခြားရေးဝန်ကြီးဌာန Website နှင့် သက်ဆိုင်ရာသံရုံး Website များမှလည်း Download ရယူနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်ပရောက်မဲဆန္ဒရှင်များမှ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် အချက်အလက်ဖြည့်သွင်းပြီးသည့် ပုံစံ(၁၅) များကို သက်ဆိုင်ရာသံရုံးများသို့ ပေးပို့နိုင်မည့် နေ့ရက်သည် ၂၀၂၅ ခုနှစ် သြဂုတ် ၂၁ ရက်မှ စက်တင်ဘာ ၈ ရက် ဖြစ်ကြောင်း UEC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent