■ နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် ဝါးများတင်ဆောင်လာသည့် ခြောက်ဘီးယာဥ် တိမ်းမှောက်ပြီး ဝါးခုတ်အလုပ်သမား ၁၇ ဦး သေဆုံးကာ ၂၉ ဦး ဒဏ်ရာရ

■ နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် ဝါးများတင်ဆောင်လာသည့် ခြောက်ဘီးယာဥ် တိမ်းမှောက်ပြီး ဝါးခုတ်အလုပ်သမား ၁၇ ဦး သေဆုံးကာ ၂၉ ဦး ဒဏ်ရာရ
Published 3 May 2026

နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် ဝါးများတင်ဆောင်လာသည့် ခြောက်ဘီးယာဥ် တိမ်းမှောက်ပြီး ဝါးခုတ်အလုပ်သမား ၁၇ ဦး သေဆုံးကာ ၂၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မေ ၂ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၅၀ ခန့်တွင် နေပြည်တော် ဥတ္တရသီရိမြို့နယ် လွင်သာယာကျေးရွာဘက်မှ မိုးစွေကျေးရွာဘက်သို့ ဝါးများသယ်ဆောင်လာသည့် ယာဉ်မောင်း ဦးရန်လင်းကျော်၊ ၂၆ နှစ်၊ (ဘ)ဦးတင်မောင်ဝင်း၊ မင်းနောင်ကျေးရွာ၊ တောင်ညိုအုပ်စု၊ ဥတ္တရသီရိမြို့နယ်နေသူ မောင်းနှင်သည့် ယာဉ်အမှတ်၊ 8E/...... ၊ Nissan(၆)ဘီး (အဖြူ/စိမ်း)ရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်ခြမ်းသို့ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသည့် ဝါးခုတ်အလုပ်သမား ၅၀ ဦးအနက် ဒဏ်ရာမရရှိသူ လေးဦး၊ သေဆုံးသူ ၁၇ ဦး ၊ ဒဏ်ရာရရှိသူ ၂၉ ဦးရှိကြောင်း သိရသည်။

အဆိုပါ သေဆုံးနှင့် ထိခိုက်ဒဏ်ရာရရှိသူတို့အား ပရဟိတအသင်း ယာဉ်များဖြင့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ကု တင်-၁၀၀၀)သို့ ပို့ဆောင်ပေးခဲ့ပြီး ကျန်ဒဏ်ရာရရှိသူ ၁၀ဦး အား တောင်ညိုတိုက်နယ်ဆေးရုံသို့ ပရဟိတအသင်း ယာဉ်များဖြင့် ပို့ဆောင်ပေးထားကြောင်း သိရသည်။

အဆိုပါဒဏ်ရာရရှိသူများနှင့် သေဆုံးသူများ၏ မိသားစုဝင်များ အား နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌတို့မှ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ကုတင်-၁၀၀၀)သို့ သွားရောက်ကြည့်ရှုခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent