ချယ်လ်ဆီးအသင်းဟာ လိုက်ပ်ဇစ်အသင်းက ဒတ်ချ်တိုက်စစ်ကစားသမား ဇာဗီဆိုင်မွန်စ်ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ချယ်လ်ဆီးအနေနဲ့ အခုနွေရာသီကာလအတွင်း ဒယ်လပ်၊ ဂျော်အိုပတ်ဒရို၊ ဂစ်တန်စ်၊ အီစတယ်ဗိုစတဲ့ ကစားသမားတွေကို ခေါ်ယူထားပြီးဖြစ်ပေမဲ့ တိုက်စစ်ကို ထပ်မံအားဖြည့်ဖို့ ပြင်ဆင်နေတာပါ။
ဆိုင်မွန်စ်ဟာ ပြီးခဲ့တဲ့နွေရာသီကမှ ကနဦး ပေါင် ၄၃ သန်း၊ Add-ons ကြေး ပေါင် ၂၆ သန်းနဲ့ လိုက်ပ်ဇစ်ကို အပြီးရောက်ရှိခဲ့ပါတယ်။
PSG ကစားသမားဟောင်း ဆိုင်မွန်စ်အဖို့ အစောပိုင်းနှစ်ရာသီမှာတော့ လိုက်ပ်ဇစ်မှာ အငှားကစားခဲ့ပါတယ်။
ဆိုင်မွန်စ်အနေနဲ့ လာမယ့်ရာသီ လိုက်ပ်ဇစ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်မရလို့ အသင်းက ထွက်ခွာဖို့ ရှိနေပါတယ်။
ချယ်လ်ဆီးနဲ့ လိုက်ပ်ဇစ်အသင်းအကြား ဆွေးနွေးမှုကို ယနေ့ကစတင်ပြီး ပြုလုပ်ဖွယ်ရှိပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဂျော်အိုပတ်ဒရိုအတွက် ပေါင် သန်း ၆၀၊ ဒယ်လပ်အတွက် ပေါင် သန်း ၃၀၊ ဂစ်တန်စ်အတွက် ပေါင် ၅၅ သန်း၊ အီစတယ်ဗိုအတွက် ပေါင် ၂၉ သန်း သုံးစွဲထားပြီးဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဆိုင်မွန်စ်ကို မခေါ်ယူခင် အသင်းကစားသမားတွေဖြစ်တဲ့ အန်ကွန်ကူ၊ ဂျော်အိုဖေးလစ်၊ စတာလင်၊ နီကိုးလက်စ် ဂျက်ဆင်တို့ကို ကနဦး ရောင်းချဖွယ်ရှိပါတယ်။















