မာရာဒိုနာ ဘုရားပေးသောလက်နဲ့ ဂိုးသွင်းခဲ့စဉ်က ပီတာရှီလ်တန် ဝတ်ဆင်ခဲ့တဲ့ ဂျာစီကို လေလံတင်မယ်

မာရာဒိုနာ ဘုရားပေးသောလက်နဲ့ ဂိုးသွင်းခဲ့စဉ်က ပီတာရှီလ်တန် ဝတ်ဆင်ခဲ့တဲ့ ဂျာစီကို လေလံတင်မယ်
Photo: Getty Images
Photo: Getty Images
Published 21 July 2025

၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာ ဘုရားပေးသောလက်(Hand of God) နဲ့ ဂိုးသွင်းခဲ့စဉ်က ပြိုင်ဘက် အင်္ဂလန်ဂိုးသမား ပီတာရှီလ်တန် ဝတ်ဆင်ခဲ့တဲ့ အကျင်္ီကို လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် လေလံတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

အာဂျင်တီးနားနဲ့ အင်္ဂလန်အသင်းဟာ ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်မှာ ဆုံတွေ့ခဲ့ကြပြီး အာဂျင်တီးနားအသင်းက မာရာဒိုနာရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ အနိုင်ရခဲ့ရာမှာ ပထမဂိုးကို မာရာဒိုနာက ဘယ်လက်နဲ့ပုတ်ပြီး သွင်းယူခဲ့တာပါ။

အဲဒီဂိုးကို ဒိုင်လူကြီးက ခွင့်ပြုပေးခဲ့တာကြောင့် ဘုရားပေးသောလက်လို့ ကျော်ကြားခဲ့တာဖြစ်ပြီး အဲဒီပြိုင်ပွဲမှာ အာဂျင်တီးနားအသင်း ချန်ပီယံဆုရရှိခဲ့သလို၊ မာရာဒိုနာလည်း အကောင်းဆုံးကစားသမားဆု ရရှိခဲ့ပါတယ်။

အင်္ဂလန်နဲ့ပွဲမှာ မာရာဒိုနာဝတ်ခဲ့တဲ့ အကျင်္ီကို ပိုင်ဆိုင်ခဲ့သူက ၂၀၂၂ ခုနှစ်မှာ လေလံတင်ရောင်းချခဲ့ရာမှာတော့ ပေါင်(၇.၁)သန်းအထိ ရရှိခဲ့ပါတယ်။

အခု ပီတာရှီလ်တန်ရဲ့ အကျင်္ီကို စုဆောင်းထားသူက ကြမ်းခင်းစျေးပေါင်(၃၀၀၀၀၀)နဲ့ လေလံတင်ဖို့ စီစဉ်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။ 

မာရာဒိုနာက အသက်(၆၀)အရွယ် ၂၀၂၀ ခုနှစ်မှာ ကွယ်လွန်သွားပြီဖြစ်ပေမဲ့ ပီတာရှီလ်တန်ကတော့ လက်ရှိအချိန်မှာ အသက်(၇၅)နှစ်ရှိနေပါပြီ။

Most Read

Most Recent