မန်စီးတီးအသင်းဟာ အသင်းရဲ့ဂိုးသမားဟောင်းဖြစ်တဲ့ ဂျိမ်းစ်ထရက်ဖို့ဒ်(၂၂ နှစ်)ကို ပြန်လည်ခေါ်ယူဖွယ်ရှိတယ်လို့ သိရပါတယ်။
မန်စီးတီးအသင်းဟာ ဘရာဇီးလ်ဂိုးသမား အီဒါဆန်ကို လက်လွှတ်ရဖို့ နီးစပ်နေတာကြောင့် ဂျိမ်းစ်ထရက်ဖို့ဒ်နဲ့ အစားထိုးဖို့ စီစဉ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။
အီဒါဆန်(၃၁ နှစ်)ဟာ ဂါလာတာစာရေးအသင်းကို ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားပြီလို့ သတင်းထွက်နေပြီး ဂါလာတာစာရေးနဲ့ မန်စီးတီးတို့ ပြောင်းရွှေ့ကြေး ညှိနှိုင်းဖို့သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဂျာမန်ဂိုးသမား အော်တေဂါကလည်း အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေတာကြောင့် မန်စီးတီးအသင်းအနေနဲ့ ဂျိမ်းစ်ထရက်ဖို့ဒ်ကို ပြန်လည်ခေါ်ယူဖို့ အလားအလာများနေပြီလို့လည်း သုံးသပ်နေကြပါတယ်။
လက်ရှိအချိန်မှာ ဘန်လေအသင်းရဲ့ နံပါတ်(၁)ဂိုးသမားအဖြစ် ရပ်တည်နေတဲ့ ဂျိမ်းစ်ထရက်ဖို့ဒ်ဟာ မန်စီးတီးအသင်းမှာ ၂၀၁၅ ကနေ ၂၀၂၃ အထိ ဖြတ်သန်းခဲ့သူပါ။
မန်စီးတီးအသင်းက ဂျိမ်းစ်ထရက်ဖို့ဒ်ကို ရောင်းချရာမှာ ပေါင်သန်း(၄၀)နဲ့ ပြန်လည်ခေါ်ယူနိုင်တဲ့ သဘောတူညီမှုထည့်သွင်းထားပေမဲ့ အဲဒီထက် စျေးလျှော့ပေးဖို့ လိုလားနေတယ်လို့ သိရပါတယ်။
အသင်းရဲ့ဂိုးသမားဟောင်း ဂျိမ်းစ်ထရက်ဖို့ဒ်ကို မန်စီးတီး ပြန်လည်ခေါ်ယူဖွယ်ရှိ
Most Read
Most Recent
14 hours ago















