စတာလင်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၂၀)လို့ ချယ်လ်ဆီး သတ်မှတ်

စတာလင်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၂၀)လို့ ချယ်လ်ဆီး သတ်မှတ်
Photo: X
Photo: X
Published 20 July 2025

ချယ်လ်ဆီးအသင်းဟာ အင်္ဂလန်တောင်ပံကစားသမား စတာလင်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၂၀)လို့ သတ်မှတ်လိုက်ကြောင်း သိရပါတယ်။

အသက်(၃၀)ရှိပြီဖြစ်တဲ့ စတာလင်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်အသင်းဆီ အငှားချခံခဲ့ရပြီး ဒီနွေမှာတော့ ချယ်လ်ဆီးအသင်းက အပြီးသတ်ရောင်းထုတ်ဖို့ စီစဉ်နေတာပါ။

ချယ်လ်ဆီးအသင်းဟာ စတာလင်ကို ၂၀၂၂ နွေရာသီမှာ မန်စီးတီးအသင်းဆီကနေ ပေါင်(၄၇.၅)သန်းနဲ့ခေါ်ယူပြီး ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းက စတာလင်ကို တစ်ပတ်ပေါင် (၃၂၅၀၀၀)ပေးချေနေရတာကြောင့် ပြန်လည်ရောင်းထုတ်ဖို့ ဆန္ဒရှိနေတာဖြစ်ပြီး မြင့်မားတဲ့ လစာနှုန်းထားကြောင့် ခေါ်ယူလိုတဲ့အသင်း နည်းပါးနေတယ်လို့လည်း သိရပါတယ်။

နာမည်ကျော်ဘောလုံးသုံးသပ်သူတစ်ဦးဖြစ်တဲ့ ပေါလ်မာဆင်ကတော့ ပရီးမီးယားလိဂ်တန်းတက်ကလပ် လိဒ်စ်အသင်းအနေနဲ့ စတာလင်ကို ခေါ်ယူသင့်တယ်လို့ အကြံပြုတိုက်တွန်းထားပါတယ်။

Most Read

Most Recent