ဘင်ဖီကာ - အော့ကလန်စီးတီး (မြန်မာစံတော်ချိန် ဇွန် ၂၀ ရက် ည ၁၀:၃၀ နာရီ)
အုပ်စုကနေ နောက်တစ်ဆင့်တက်ဖို့အတွက် ဒီပွဲမှာ ဘင်ဖီကာ မဖြစ်မနေ အနိုင်ကစားလိမ့်မယ်။ အော့ကလန်စီးတီးက အပျော်တမ်းအဆင့်သာ ရှိပြီး အဖွင့်ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းကို (၁၀-၀) ဂိုးနဲ့ ရှုံးနိမ့်ထားတာပါ။ ဘင်ဖီကာအနေနဲ့ ဒီပွဲမှာ ဂိုးရသလောက် သွင်းမှာဖြစ်ပြီး ဘင်ဖီကာနဲ့ ဂိုးအများကို ကြိုက်တယ်။
ဖလာမင်ဂို - ချယ်လ်ဆီး (မြန်မာစံတော်ချိန် ဇွန် ၂၁ ရက် နံနက် ၁:၃၀ နာရီ)
အဖွင့်ပွဲမှာ နှစ်သင်းစလုံး နိုင်ပွဲကိုယ်စီ ရထားကြတယ်။ ချယ်လ်ဆီးအသင်းက တိုက်စစ်မှူးဟောင်း ဂျရူး၊ စပါးဂိုးသမားဟောင်း လိုရစ်တို့ဦးဆောင်တဲ့ လော့အိန်ဂျယ်လိစ်အသင်းကို နှစ်ဂိုးပြတ်အနိုင်ရခဲ့ပြီး နေတိုနဲ့ အန်ဇိုဖာနန် ဒက်ဇ်က ဂိုးတွေသွင်းယူပေးခဲ့တယ်။ လူစားဝင်ကစားတဲ့ တိုက်စစ်မှူး ဒီလပ်ကလည်း အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်မျိုး ပြနိုင်ခဲ့တယ်။ ဖလာမင်ဂိုအသင်းကလည်း တူနစ်အသင်းကို အနိုင်ယူပြီး သုံးမှတ်ရထားတယ်။ ဒါပေမဲ့ ပုံစံကောင်းရနေတဲ့ ချယ်လ်ဆီးအသင်းကိုတော့ ယှဉ်နိုင်ဖို့မလွယ်ပါဘူး။ ချယ်လ်ဆီးအသင်း နိုင်ပွဲဆက်မှာဖြစ်ပြီး နှစ်ဂိုးလောက် ပြတ်နိုင်တယ်။
လော့အိန်ဂျယ်လိစ် - တူနစ် (မြန်မာစံတော်ချိန် ဇွန် ၂၁ ရက် နံနက် ၄:၃၀ နာရီ)
လော့အိန်ဂျယ်လိစ်အသင်းဟာ အဖွင့်ပွဲမှာ ချယ်လ်ဆီးကို ရှုံးနိမ့်ခဲ့ပေမဲ့ တူနီးရှားကလပ် တူနစ်အသင်းကိုတော့ အနိုင်ရဖို့ ကြိုးပမ်းလိမ့်မယ်။ တူနီးရှားကစားသမားအများစုနဲ့ ဖွဲ့စည်းထားတဲ့ တူနစ်အသင်းအနေနဲ့ လော့စ်အိန်ဂျယ်လိစ်ကို အသာရဖို့ ခက်နိုင်ပါတယ်။ တစ်သင်းနဲ့ တစ်သင်း ခြေစွမ်းသိပ်မကွာလို့ သရေကျနိုုင်ပေမဲ့ အနိုင်ဆိုရင်တော့ လော့အိန်ဂျယ်လိစ်အသင်းကိုပဲ ရွေးချင်တယ်။
ဘိုင်ယန်မြူးနစ် - ဘိုကာဂျူနီယာ (မြန်မာစံတော်ချိန် ဇွန် ၂၁ ရက် နံနက် ၇:၃၀ နာရီ)
နယူးဇီလန်ကလပ် အော့ကလန်စီးတီးအသင်းကို (၁၀) ဂိုးပြတ် သွင်းယူခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းမှာ စံချိန်သစ်တင်နိုင်ခဲ့တယ်။ အဘက်ဘက်က ခြားနားလွန်းတာကြောင့် ဘိုင်ယန်မြူးနစ်အတွက် လွယ်ကူတဲ့နိုင်ပွဲဖြစ်ခဲ့ပြီး မူဆီ ယာလာက ဟက်ထရစ်၊ ကိုးမန်း၊ အိုလီဆေးနဲ့ မူလာက နှစ်ဂိုးစီ၊ ဘိုယီက တစ်ဂိုးသွင်းယူနိုင်ခဲ့တယ်။ ဘိုကာဂျူနီယာအသင်းကတော့ ဘင်ဖီကာအသင်းကို နှစ်ဂိုးပြတ်ဦးဆောင်ထားပြီးမှ ချေပဂိုးတွေပြန်ပေးရလို့ သရေကျခဲ့တာ နစ်နာပါတယ်။ ဘိုင်ယန်မြူးနစ်အသင်း အနိုင်သေချာပြီး ဂိုးလည်းများလိမ့်မယ်။















