ဝက်စ်ဟမ်းအသင်းက အင်္ဂလန်တိုက်စစ်ကစားသမား ဘိုဝင်ဟာ ဒီနွေမှာ စောင့်ကြည့်ရမယ့် ကစားသမားတစ်ယောက် ဖြစ်နေပါတယ်။ ဝက်စ်ဟမ်းအသင်းအတွက် ခြေစွမ်းပြပြီး ကစားသမားဘ၀ အကောင်းဆုံးအသက်အရွယ်၊ အပိုင်းအခြားရောက်နေတဲ့ ဘိုဝင်ကို ခေါ်ယူချင်တဲ့ ထိပ်သီးအသင်းတွေ ရှိနေတာကြောင့်ပါ။ ဘိုဝင်ကလည်း သူ့ အနာဂတ်ဟာ ဝက်စ်ဟမ်းအသင်းရဲ့ ပူးတွဲပိုင်ရှင်လည်းဖြစ်၊ အသင်းဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေးဗစ်ဆူ လီဗန်ရဲ့လက်ထဲမှာပဲ ရှိနေတယ်လို့ ဆိုခဲ့ပါတယ်။ ဒါကြောင့် ဘိုဝင်ကို အသင်းသစ်ရဲ့ ဝတ်စုံသစ်နဲ့အတူ မြင်တွေ့ရမလားဆိုတာ စိတ်ဝင်စားစရာဖြစ်နေပါတယ်။

ဘိုဝင်က ဘောလုံးသမားဘ၀ အနာဂတ်ကို တစ်ပါးသူလက်ထဲ ပေးအပ်ထားပေမဲ့ သူ့ဘ၀ အနာဂတ်ကိုတော့ ကိုယ်တိုင်သာ ဆုံးဖြတ်ခဲ့ပါတယ်။ သူက လာမယ့်စနေနေ့မှာ အတူနေချစ်သူ ဒန်နီဒိုင်ယာနဲ့ လက်ထပ်ပွဲ ဆင်နွှဲတော့မှာပါ။ ဒန်နီဒိုင်ယာက ရုပ်သံသရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ဘိုဝင်နဲ့ သက်တူရွယ်တူပါပဲ။ သူတို့က ၂၀၂၁ ခုနှစ်မှာ စတွဲ ခဲ့တာဖြစ်ပြီး အမြွှာသမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပါပြီ။ (ဒန်နီဒိုင်ယာ အရင်ချစ်သူဟောင်းနဲ့ ရခဲ့တဲ့ သားလေးလည်း သူတို့နဲ့အတူ နေထိုင်ပါတယ်)။ ၂၀၂၄ နွေရာသီမှာ ဘိုဝင်က လက်ထပ်ခွင့်တောင်းခဲ့ပြီး ဒန်နီက ခေါင်းညိတ်လက်ခံခဲ့တာကြောင့် ဒီနွေမှာ လက်ထပ်ဖို့ စီစဉ်ထားတာပါ။ အတူနေချစ်သူတွေ ကာလတစ်ခု ကြာမြင့်လာတဲ့အခါ လက်ထပ်ထိမ်းမြားကြတာ မထူးခြားပေမဲ့ ဘိုဝင်နဲ့ ဒန်နီတို့ မင်္ဂလာပွဲမတိုင်ခင် Single ဘ၀ စွန့်လွှတ်ပွဲတွေ ပြုလုပ်ခဲ့ကြတာကတော့ နည်းနည်း ထူးခြားသလိုရှိပါတယ်။ ဒန်နီက သူ့ရဲ့ မိန်းကလေး သူငယ်ချင်းတွေနဲ့အတူ သတို့သမီးပါတီပွဲ ကျင်းပခဲ့သလို၊ ဘိုဝင်ကလည်း ယောက်ျားလေးသူငယ်ချင်း တွေနဲ့အတူ သတို့သားပါတီပွဲ ကျင်းပခဲ့ကြတာပါ။ ဒီပါတီပွဲတွေက ယောက်ျားလေးသီးသန့်၊ မိန်းက လေးသီးသန့်သာ ကျင်းပကြရတာဖြစ်ပြီး နှစ်ဦးစလုံးက နာမည်ကျော် အီဘီဇာကျွန်းမှာပဲ သွားရောက်ကျင်းပခဲ့ကြပါတယ်။ ဘိုဝင်နဲ့အတူ သူ့ရဲ့ ဖခင်လည်း လိုက်ပါသွားခဲ့ပြီး ဒန်နီရဲ့ အဖေ(ဘိုဝင့် ယောက္ခမလောင်း)ကတော့ လေယာဉ်မမီလို့ မလိုက်ဖြစ်ခဲ့ဘူးလို့ The Sun က ဖော်ပြခဲ့ပါတယ်။ Single ဘဝတွေကို အီဘီဇာကျွန်းမှာ ပျော် ရွှင်စွာခွာချခဲ့ကြတဲ့ အခိုက်အတန့်မှာ ဒန်နီကတော့ ဘိုဝင်ရဲ့ဇနီးမယား ဖြစ်တော့မယ်လို့ အဓိပ္ပာယ်ရတဲ့ စာတန်းရေးထိုးထားတဲ့ ဝက်စ်ဟမ်းဝတ်စုံကိုလည်း ဝတ်ဆင်ခဲ့ပါသေးတယ်။ လာမယ့် စနေနေ့ မှာ သူတို့ လက်ထပ်ကြတော့မှာပါ။ အီဘီဇာကျွန်း က အပြန်မှာပေါ့။