ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် Sky Villa ကွန်ဒိုမှ အမျိုးသမီးအလောင်းနှင့် ကလေးငယ်တစ်ဦး အလောင်း ထပ်မံတွေ့ရှိ ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် Sky Villa ကွန်ဒိုရှိ B အဆောင်၊ C အဆောင်နှင့် D အဆောင်တို့အား ဖယ်ရှားရှင်း လင်းခြင်းနှင့် ရုပ်အလောင်းရှာဖွေခြင်းများကို လုပ်ဆောင်လျက်ရှိပြီး မေ ၂ ရက်တွင် C အ ဆောင် ဓာတ်လှေကားခွင်အတွင်းမှ အမျိုးသ မီးတစ်ဦးနှင့် ကလေးငယ်(အမျိုးသမီး) တစ် ဦးတို့၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ ခြင်းဖြစ်သည်ဟု သိရသည်။
မေ ၁ ရက်ကလည်း အဆိုပါကွန်ဒို အဆောင် D မှ အမျိုးသားတစ်ဦး၏ ရုပ်အ လောင်း၊ အဆောင် C မှ အမျိုးသမီးတစ်ဦး ၏ ရုပ်အလောင်းတို့ကို ရှာဖွေတွေ့ရှိခဲ့ပြီး အ မျိုးသမီးအလောင်းနှင့်အတူ ရွှေနားကပ်တစ် ရံနှင့် ရွှေလက်ကောက်တစ်ကွင်းတို့ကို သေ ဆုံးသူအမျိုးသမီး၏ ယောကျ်ားဖြစ်သူထံ လွှဲ ပြောင်းပေးအပ်ခဲ့သည်ဟု သိရသည်။
ထို့ပြင် အဆိုပါကွန်ဒို အပျက်အစီးများ အောက်တွင် အသုံးအဆောင်ပစ္စည်းများကို လည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့က ထုတ်ပြန်သည်။
မေ ၁ ရက်တွင် အဆောင် A အခန်းအမှတ် D5 မှ ဘိုးတော်အောင်မင်းခေါင်ရုပ် ထုတစ်ခု၊ အရေးကြီးစာရွက်စာတမ်းများနှင့် မီးခံသေတ္တာ တစ်လုံးအား တွေ့ရှိခဲ့ပြီး ပစ္စည်း လက်ခံလွှဲပြောင်းရေးအဖွဲ့နှင့်အတူ ပိုင်ရှင် ထံ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု မီးသတ်တပ် ဖွဲ့က ထုတ်ပြန်ထားသည်။
အလားတူ ဧပြီ ၃၀ ရက်ကလည်း (C)အဆောင်၊ အခန်းနံပါတ်(M7)မှ ရှာဖွေ တွေ့ ရှိသော အရေးကြီးစာရွက်စာတမ်းများ၊ လက် ဝတ်ရတနာများ၊ ငွေသားများ၊ နာရီတစ် လုံးနှင့် အဝတ်အစား ခရီးဆောင်အိတ်သုံး လုံးတို့အား ရှာဖွေတွေ့ရှိခဲ့ပြီးပိုင်ရှင်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
လက်ရှိတွင်လည်း ပြိုကျခဲ့သည့် Sky Villa ကွန်ဒိုတွင်လည်း ရှင်းလင်းရေးလုပ်ငန်း များနှင့်ရုပ်အလောင်းရှာဖွေရေး လုပ်ငန်းများ ကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီ ရေးအသင်းများက ဆက်လက်လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။
Sky Villa ကွန်ဒိုကို NTL ဆောက်လုပ်ရေးကုမ္ပဏီက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီးစတင်ရောင်းချစဉ်က ငလျင်ဒဏ်ခံအဆောက် အအုံဖြစ်သည်ဟု ကြေညာကာ ရောင်းချခဲ့ ခြင်းဖြစ်သည်။
Sky Villa ကွန်ဒိုတွင် အပိုင်း လေးပိုင်းရှိ ပြီး ပြိုကျရာတွင် အလယ်ပိုင်းနှင့်အနောက် ပိုင်းတွင် ၁၀ လွှာစလုံး ပြိုကျကာ အရှေ့တစ် ပိုင်းမှာလည်း အပေါ်ဆုံးခြောက်လွှာသာ ကျန်ရှိခဲ့ပြီး အောက်ဆုံး လေးလွှာမှာမြေကြီး အတွင်း ကျွံဝင်ခဲ့သည်။
မြေညီထပ်နှင့် ပထမထပ်တွင် လူနေထိုင်ခြင်းမရှိဘဲ ကားများထားသည့် နေရာများဖြစ်ကာ နှစ်ထပ်မှစပြီး လူနေထိုင်ကာ အပေါ်ဆုံး ထပ်တွင် Roof Top Bar ရှိသည်ဟု အဆိုပါ ကွန်ဒိုတွင် နေထိုင်သူများ၏ ပြောကြားချက် အရ သိရသည်။
အဆိုပါ ကွန်ဒိုဆောက်လုပ်ထားသည့် နေရာမှာ မန္တလေးမြို့၏ သမိုင်းဝင်ရတနာနဒီမြစ်တော်ဟု သတ်မှတ်ထားသည့်နေရာ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ယင်းနေရာတွင်တည်ဆောက်ရန် ခွင့်ပြုချက်ပေးခဲ့သူများ ကိုအံ့သြမိသည်ဟု မန္တလေးဒေသခံ စာရေး ဆရာ ဆူးငှက်က လူမှုကွန်ရက်တွင် ရေးသား ထားသည်။















