"ဒီဘရိုင်းနားက မန်စီးတီးသမိုင်းမှာ အကောင်းဆုံးကစားသမားပါ"

"ဒီဘရိုင်းနားက မန်စီးတီးသမိုင်းမှာ အကောင်းဆုံးကစားသမားပါ"
Photo : X
Photo : X
Published 28 April 2025
Taw Linn

မန်စီးတီးအသင်းဟာ ဒီရာသီမှာ မထင်မှတ်ဘဲ ရလဒ်တွေဆိုးရွားခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့တောင် ရုန်းကန်နေရပါတယ်။ ဒါကြောင့် မန်စီးတီးအနေနဲ့ ပြီးခဲ့တဲ့ဇန်နဝါရီကတည်းက အသင်းကို အပြောင်းအလဲတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ မန်စီးတီးအတွက် အောင်မြင်မှုများစွာရယူပေးခဲ့တဲ့ ဒီဘရိုင်းနားဟာ ဒီရာသီကုန်မှာ အသင်းနဲ့လမ်းခွဲတော့မှာပါ။ ITV Sport ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဘာနာဒိုဆေးလ်ဗားက မန်စီးတီးအသင်း အကြောင်း၊ အသင်းနဲ့လမ်းခွဲတော့မယ့် ဒီဘရိုင်းနားအကြောင်း၊ အသင်းရဲ့အနာဂတ်နဲ့ ရည်မှန်းချက်တွေကို အခုလိုပဲ ပြောပြထားပါတယ် . . . 

- မန်စီးတီးကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားနှင့် တွေ့ဆုံခြင်း

မန်စီးတီးအသင်းဟာ ဒီရာသီမှာ မထင်မှတ်ဘဲ ရလဒ်တွေဆိုးရွားခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့တောင် ရုန်းကန်နေရပါတယ်။ ဒါကြောင့် မန်စီးတီးအနေနဲ့ ပြီးခဲ့တဲ့ဇန်နဝါရီကတည်းက အသင်းကို အပြောင်းအလဲတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ မန်စီးတီးအတွက် အောင်မြင်မှုများစွာရယူပေးခဲ့တဲ့ ဒီဘရိုင်းနားဟာ ဒီရာသီကုန်မှာ အသင်းနဲ့လမ်းခွဲတော့မှာပါ။ ITV Sport ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဘာနာဒိုဆေးလ်ဗားက မန်စီးတီးအသင်း အကြောင်း၊ အသင်းနဲ့လမ်းခွဲတော့မယ့် ဒီဘရိုင်းနားအကြောင်း၊ အသင်းရဲ့အနာဂတ်နဲ့ ရည်မှန်းချက်တွေကို အခုလိုပဲ ပြောပြထားပါတယ် . . . 

မေး - မန်စီးတီးက ဒီဘက်နှစ်ပိုင်းတွေမှာ အမြဲတမ်း ဖလားရနေတဲ့အသင်းပါ။  ဒီရာသီမှာ မန်စီးတီးကို အရင်ရာသီတွေက မတူတဲ့ပုံစံနဲ့ မြင်ခဲ့ရတယ်။ ဒီရာသီကနေ ဘာတွေသင်ယူခဲ့ရလဲ။

ဖြေ - ဘာတွေ သင်ယူခဲ့ရတယ်ဆိုပြီးတော့ ကျွန်တော် မပြောချင်ပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့လအနည်းငယ်လအတွင်း ကျွန်တော်တို့ တွေးထားသလို ဖြစ်မလာခဲ့ဘူးဆိုတာကတော့ အထင်အရှားပါပဲ။ ဒါပေမဲ့ တစ်ရာသီကတော့ အခုလိုဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အမြင့်ဆုံးအဆင့်မှာ နှစ်ပေါင်းများစွာ ရှိနေခဲ့တာလေ။ ၂၀၂၀ တုန်းကလည်း ကျွန်တော်တို့ ဆိုးရွားတဲ့ရာသီတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီနှစ်က လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ဖလားရတဲ့နှစ်ပေါ့။ ကျွန်တော် မန်စီးတီးကို ရောက်လာပြီးနောက် အဲဒီနှစ်က ပရီးမီးယားလိဂ်နဲ့ ပထမဆုံးစလွဲခဲ့ပြီး အခု ဒီနှစ် ထပ်ဖြစ်တာပေါ့လေ။ 

မေး - ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေတာဆိုတော့ သိပ်ဆိုးတဲ့ ရာသီလို့တော့ မဆိုနိုင်ပါဘူး။ ဒါပေမဲ့ အရင်မန်စီးတီးအဆင့်အတန်းမျိုးတော့ မဟုတ်ဘူးပေါ့။ 

ဖြေ - ခင်ဗျား ပြောသလိုပါပဲ။ ကျွန်တော်တို့ရဲ့ အဆင့်အတန်းအတိုင်း ဒီရာသီမှာ ကျွန်တော်တို့ မစွမ်းဆောင်နိုင်ခဲ့ဘူး။ အဲဒီအတွက် ကျွန်တော်တို့ စိတ်ပျက်ရပါတယ်။ ကျွန်တော်တို့ ချန်ပီယံလိဂ်ဝင်ခွင့်ရပြီး FA ဖလားရခဲ့ချင်ရင်တောင် ဒီရာသီက ကျွန်တော်တို့အတွက် ရာသီကောင်းတစ်ခုလို့ မဆိုနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ အဆင့်အတန်းက အဲဒါထက် အများကြီးပိုပြီးမြင့်တယ်လေ။ ပရီးမီးယားလိဂ်ကို လက်လွှတ်လိုက်ရပေမဲ့ အနည်းဆုံးတော့ ချန်ပီယံဆုအတွက်တိုက် ပွဲဝင်နိုင်ရမယ်။ ဒီရာသီမှာတော့ ကျွန်တော်တို့ တိုက်ပွဲတောင် မဝင်နိုင်ခဲ့ဘူး။ အဲဒီအတွက် ကျွန်တော်တို့အတွက် မပျော်ပါဘူး။ ချန်ပီယံလိဂ်မှာ လည်း အဲဒီလိုပါပဲ။ ဒီတော့ အခုအချိန်မှာ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အတွက် ဒီရာသီက ကောင်းတဲ့ ရာသီ မဟုတ်ပါဘူး။ 

မေး - ဇန်နဝါရီမှာ အသင်းကို ရောက်လာတဲ့ မာ မွတ်ရှ်ကိုရော ခင်ဗျား ဘယ်လိုမြင်လဲ။

ဖြေ - အရမ်းကို အထင်ကြီးစရာကောင်းပါတယ်။ အထူးသဖြင့် သူ့ရဲ့လုပ်အားနှုန်းပါ။ သူက သူ့ ကိုယ်သူ အကောင်းဆုံးဖြစ်အောင် ကြိုးစားသလို၊ အသင်းအတွက်လည်း အကောင်းဆုံးကြိုးစားပါတယ်။ သူ မန်စီးတီးကို လာတာ သူ ဘယ်လောက်ကောင်းတယ်ဆိုတာကို ပြဖို့ မဟုတ်ပါဘူး။ ဒါကို ခင်ဗျားတို့လည်း တွေ့ရမှာပါ။ ကျွန်တော်တို့လို အပ်နေတာလည်း အသင်းအတွက် အလုပ်လုပ်ပေးမယ့်သူဖြစ်ပြီး သူ ရောက်လာတဲ့အတွက် ကျွန်တော်တို့ အရမ်းပျော်ပါတယ်။ 

မေး - ဒီဘရိုင်းနားအကြောင်း ကျွန်တော်တို့ ပြောကြရအောင်။ ဒီဘရိုင်းနားကို ပရီးမီးယားလိဂ်ထာဝရအကောင်းဆုံးစာရင်းမှာ ထိပ်ပိုင်းမှာ နေရာပေးကြတာကို ခင်ဗျားလည်း တွေ့မှာပါ။ ဒီဘရိုင်းနားသတင်းကို ခင်ဗျားတို့ ကြိုသိခဲ့မယ် ထင်တယ်။ 

ဖြေ - ဖြစ်နိုင်ခြေတွေကို ကျွန်တော်တို့ ကြိုသိတာပေါ့။ ဒီရာသီကုန်မှာ မန်စီးတီးကနေ ဒီဘရိုင်းနား ထွက်ခွာမယ်ဆိုတဲ့ သတင်းကို တရားဝင်မကြေညာချင် (၂) ရက်လောက်က ကျွန်တော် ကြိုသိခဲ့တာပါ။ ဒါက ခက်ပါတယ်။ ဒါက ကျွန်တော်တို့အတွက် ခက်ပါတယ်။ ဘာလို့လဲဆိုတော့ ပုဂ္ဂိုလ်ရေးအရပြောရမယ်ဆိုရင် ကျွန်တော်တို့ မန်စီးတီးမှာ အတူတူ ရှိနေတာ (၈)နှစ် ရှိပါပြီ။ အသင်းမှာရှိတဲ့ ကစားသမားအများစုက ဒီဘရိုင်းနားနဲ့အတူ နှစ်တွေအကြာကြီး ရှိနေခဲ့ကြတဲ့သူတွေပါ။ သူ ထွက်သွားမယ်ဆိုတာက ကျွန်တော်တို့အားလုံးကို ဝမ်းနည်းစေပါတယ်။ ကျွန်တော်တို့ကတော့ သူ့ကို ကျွန်တော်တို့နဲ့အတူတူပဲ ရှိနေစေချင်တယ်။ ဒါက တော့ ကျွန်တော်တို့ရဲ့ ဆန္ဒပါ။ ကျွန်တော် တခြားကစားသမားတွေကို မလေးစားလို့ ပြောတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ဒီဘရိုင်းနားက အသင်းသမိုင်းမှာ အကောင်းဆုံးကစားသမားပါ။ ဒီတော့ ကျွန်တော်တို့အနေနဲ့ သူ့ ကို ပြောနိုင်တာကတော့ ကျေးဇူးတင်ပါတယ်ဆိုတာနဲ့ အစစအရာရာအဆင်ပြေပါစေဆိုတာပါပဲ။ 

မေး - ခင်ဗျားက ကမ္ဘာ့အကောင်းဆုံးကွင်းလယ် ကစားသမားတစ်ဦးနဲ့ အသင်းဖော်အဖြစ် တစ်ချိန်လုံးအတူတူ ရှိနေခွင့်ရခဲ့တယ်။ ဒီဘရိုင်းနား ဘာလို့ ဒီလောက်ကောင်းနေတာလဲ။

ဖြေ - သူက Final Third Zone မှာ အကောင်းဆုံးလို့ ထင်ပါတယ်။ သူက တခြားကစားသမားတွေ မမြင်နိုင်တဲ့အရာတွေကို မြင်နိုင်တယ်။ အထူးသဖြင့် သူက တခြားကစားသမားတွေ မလုပ်တဲ့အရာကို ကြိုးစားပြီး လုပ်တယ်။ ထူးချွန်တဲ့ ထိပ်တန်းကစားသမားတွေက ဘယ်သူမှ မျှော်လင့်မထားတာတွေကို လုပ်ရဲဖို့ လိုပါတယ်။ ဒီဘရိုင်းနားဟာ ပြီးခဲ့တဲ့ (၈) ရာသီအတွင်း ကျွန်တော်တို့ အောင်မြင်မှုတွေ အများကြီးရခဲ့ရာမှာ အဓိကနေရာက ပါဝင်ခဲ့သူပါ။ 

မေး - အတွေ့အကြုံရင့်တဲ့ ဝါရင့်ကစားသမားတွေ ထွက်သွားပြီး လူငယ်ကစားသမားတွေ နေရာယူလာတယ်။  ဒီရာသီ မန်စီးတီးအသင်းမှာ လူငယ်တွေ ခြေစွမ်းပြနေတဲ့အပေါ် ခင်ဗျား အံ့သြမိလား။

ဖြေ - ကျွန်တော် မအံ့သြပါဘူး။ ဘာလို့လဲဆိုတော့ အသင်းမှာ ရှိတဲ့ လူငယ်ကစားသမားတွေနဲ့အတူ ကျွန်တော် အမြဲလေ့ကျင့်နေလို့ပါပဲ။ ဒီတော့ လူငယ်ကစားသမားတွေ ဘယ်လောက်ကောင်းတယ်ဆိုတာကို ကျွန်တော် ကောင်းကောင်းသိပါတယ်။ ပြီးတော့ ဒီအသင်းမှာ လူငယ်တစ်ယောက်အနေနဲ့ နေရာရဖို့ ဘယ်လောက်ထိ ခက်ခဲတယ်ဆိုတာကိုလည်း ကျွန်တော် သိပါတယ်။ အရင်တုန်းက မော်ဂန်ရော်ဂျာစ်တို့၊ ကိုးလ်ပါလ်မာတို့လို လူငယ်က စားသမားတွေ ရှိခဲ့ပေမဲ့ အသင်းမှာ နေရာရဖို့ရုန်း ကန်ခဲ့ရတယ်။ ဒါပေမဲ့ သူတို့ အရမ်းကောင်းပြီး ကစားရတဲ့အချိန်တိုင်း ခြေစွမ်းပြနိုင်မယ်ဆိုရင် အဆင်ပြေပါတယ်။ အထူးသဖြင့် ဒီရာသီမှာ အသင်းက ခြေစွမ်းမကောင်းတော့ လူငယ်ကစားသမားတွေ ပိုကစားခွင့်ရပြီး သူတို့အခုလို ကစားခွင့်ရတာ ကျွန်တော်တို့အသင်းအတွက် တကယ်ကောင်းပါတယ်။ 

မေး - လာမယ့်ရာသီအတွက် ဘယ်လိုပြင်ဆင်မှုတွေ လုပ်နေလဲ။ လာမယ့်ရာသီမှာ အရင်မန်စီးတီးကို ပြန်မြင်ရမလား။ 

ဖြေ - ဆိုးရွားတဲ့ ရာသီနဲ့ ကြုံတွေ့ရပြီးနောက်မှာတော့ အတွေးတွေက များတာပါပဲ။ ဘောလုံးမှာ ပြန်လည်တည်ဆောက်တာက အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အတိတ်မှာလည်း ဒါမျိုးလုပ်ခဲ့ကြတာပါပဲ။ ကွန်ပနီတို့၊ ယာယာတိုရေးတို့၊ ဒေးဗစ်ဆေးလ်ဗားတို့၊ အဂွဲရိုးတို့ ထွက်သွားခဲ့ကြတာပါပဲ။ အခုလည်း မျိုးဆက်တစ်ခုပြီးတော့ နောက်မျိုးဆက် တစ်ခုလာမှာပေါ့။ လူငယ်ကစားသမားတွေအနေနဲ့ အရင်တုန်းကလို ကစားသမားတွေလိုမျိုး ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အများကြီးပေးဆပ်နိုင်သေးတယ်လို့ ထင်နေတုန်းပါပဲ။ နောက်ရာသီမှာ စောင့်ကြည့်တာပေါ့။

မေး - ဒီရာသီပြီးရင် ဖီဖာကလပ်ကမ္ဘာ့ဖလားက စောင့်ကြိုနေတယ်။ ဒီပြိုင်ပွဲကို ကြိုက်တဲ့သူတွေ ရှိသလို၊ မကြိုက်တဲ့သူတွေလည်း ရှိတယ်။ ခင်ဗျားတို့ကတော့ ကစားချင်တယ် မဟုတ်လား။ 

ဖြေ - ကျွန်တော်ကတော့ ကစားချင်ပါတယ်။ ပြိုင်ပွဲကို ကြည့်လိုက်မယ်ဆိုရင် လှပတဲ့ပြိုင်ပွဲတစ်ခုဆိုတာကို တွေ့ရမှာပါ။ ပြီးတော့ ပြိုင်ပွဲပါဝင်ယှဉ် ပြိုင်ရမယ့်အသင်းတွေနဲ့ ပြိုင်ပွဲ Format ကလည်း ကောင်းပါတယ်။ ကျွန်တော်ကတော့ သဘောကျတယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့ အဲဒီပြိုင်ပွဲမှာ ကစားဖို့ စိတ်လှုပ်ရှားနေတယ်။ ဒီပြိုင်ပွဲက ကမ္ဘာအနှံ့က အသင်းတွေနဲ့ လှပတဲ့ပြိုင်ပွဲတစ်ခု ဖြစ်လာမှာပါ။ ကျွန်တော်တို့ ဗိုလ်စွဲဖို့ အခွင့်အရေး ရှိနေတယ်။ ပြီးတော့ ဒီပြိုင်ပွဲက (၄) နှစ်၊ (၁) ကြိမ် လုပ်မှာဆိုတော့ နှစ်တိုင်းကြိုးစားလို့ မရဘူး။ အဲဒါကြောင့် ဒီနှစ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရည်မှန်းပါတယ်။ 

မေး - ဂွါဒီယိုလာက မန်စီးတီးကို အရင်လိုအောင် မြင်မှုတွေရအောင် ဦးဆောင်နိုင်မယ်လို့ ထင်လား။

ဖြေ - အခုလို တစ်ခါမှ အခြေအနေမဆိုးခဲ့ဖူးတော့ ကျွန်တော့်ရဲ့ကွဲပြားခြားနားတဲ့ပုံစံတစ်ခုလို့ ဆိုရမယ်ထင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ကိုယ်ကိုယ့်ကို ယုံကြည်မှုရှိပါတယ်။ မန်စီးတီးအတွက် မျှော်လင့်ချက်တွေက မြင့်မားလွန်းပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံဆုကို နောက်ဆုံး (၈)ရာသီမှာ ကျွန်တော်တို့ (၆) ကြိမ်အထိ ရယူခဲ့တာပါ။ ဒါက မဆိုးပါဘူး။ ဒီတော့ ကျွန်တော်တို့အနေနဲ့ အခုအခြေအနေကို ပြောင်းလဲဖို့ ကိုယ်တိုင်ပဲ ကြိုးစားရမယ်။ နည်းပြရော၊ ကစားသမားတွေရော၊ ဝန်ထမ်းတွေရောပေါ့။ နောက်ရာသီမှာ ကျွန်တော်တို့ ပြန်လာမှာ သေချာပါတယ်။

Most Read

Most Recent