ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး ဖမ်းဆီးခံရမှုကို ဆန့်ကျင်သူများက ဖိလစ်ပိုင်၏ မြို့အချို့တွင် စုရုံးဆန္ဒပြမှုများ ပြုလုပ်

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး ဖမ်းဆီးခံရမှုကို ဆန့်ကျင်သူများက ဖိလစ်ပိုင်၏ မြို့အချို့တွင် စုရုံးဆန္ဒပြမှုများ ပြုလုပ်
Published 14 March 2025

မတ် ၁၁ ရက်က ဖိလစ်ပိုင်ရဲတပ်ဖွဲ့သည် မနီလာမြို့တော်လေဆိပ်တွင် နိုင်ငံတကာရာ ဇဝတ်တရားရုံး (ICC) ၏ ဖမ်းဝရမ်းဖြင့် သမ္မတဟောင်းရိုဒရီဂိုဒူတာတေးကို  ဖမ်းဆီးခဲ့ပြီးနောက် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ ICC သို့ပို့ဆောင်ခဲ့မှုနှင့်ပတ်သက်ပြီး ဒူတာ တေးအားထောက်ခံသူများက မင်ဒါနာအို ပြည်နယ်ရှိ မြို့အချို့တွင် စုရုံးဆန္ဒပြမှုများပြု လုပ်ခဲ့သည်။

မင်ဒါနာအိုပြည်နယ်ရှိ ကီဒါပါ ဝမ်မြို့၊ ဒါဗောင်းမြို့တို့အပါအဝင် မြို့အချို့ တွင် စုရုံးဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး ဒူူတာတေး အတွက် ဆုတောင်းပွဲများလည်း ပြုလုပ်ခဲ့ သည်။

 ဒူတာတေးသည်  လူပေါင်းသောင်းချီ သေဆုံးစေခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့ များက ခန့်မှန်းခဲ့သည့် မူးယစ်စစ်ပွဲအတွင်း လူသားမျိုးနွယ်အားဆန့်ကျင်သည့် ရာဇဝတ် မှု၊ သွယ်ဝိုက်ပြီး ကြံရာပါအဖြစ်ပါဝင်ပတ် သက်မှုတို့ဖြင့် တရားစွဲဆိုရန် ကျိုးကြောင်းညီ ညွတ်သည့် အကြောင်းပြချက်များရှိသည်ဟု  ICC က ယူဆထားပြီး၎င်းအားထိန်းသိမ်းထားကာ မတ် ၁၄ ရက်တွင် စတင်ရုံးထုတ်စစ်ဆေး မည်ဖြစ်သည်။

 ဒူတာတေးအား ဖမ်းဆီးထိန်း သိမ်းထားမှုနှင့်ပတ်သက်ပြီး ဒူတာတေးကို ဆန့်ကျင်သူများနှင့် ထောက်ခံသူများက ICC ၏ အပြင်ဘက်တွင် စုရုံးဆန္ဒပြမှုများပြုလုပ်ခဲ့ ကြသည်။

Ref; Manila Bulletin

Most Read

Most Recent