
ငြိမ်းချမ်းရေးသည်ယူကရိန်း အညံ့ခံသည်ဟူသော အဓိပ္ပါယ်မသက်ရောက်နိုင်သော်လည်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် ဆွေးနွေးမှုများသည် အတ္တလန်တိတ် ဖြတ်ကျော်သဘောထားကွဲမှုများ ရှိလာမည်ဟူသည့်စိုးရိမ်မှုများရှိနေသည့်တိုင် ရှေ့သို့သွားမည့်လမ်းကြောင်းကိုပြသပေးခဲ့သည်ဟု ဖေဖော်ဝါရီ၂၄ရက်တွင် ပြင်သစ်သမ္မတ အမ်မန်နျူရယ်မက်ခရွန်က ထုတ်ဖော်ပြောကြားခဲ့သည်။
ရုရှားကျူးကျော်မှု တတိယမြောက်နှစ်ပတ်လည်နေ့တွင်အိမ်ဖြူတော်၌ ခေါင်းဆောင်နှစ်ဦးတွေ့ဆုံရာတွင် ယူကရိန်းနိုင်ငံအတွက် အမေရိကန်လုံခြုံရေးအာမခံချက်များကို မရမကပြောဆိုခဲ့သော်လည်း ယူကရိန်းသို့ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်သားများ စေလွှတ်ပေးရေး အယူအဆနှင့်ပတ် သတ်၍တိုးတက်များရှိခဲ့သည်ဟု ပြောကြားခဲ့ကြသည်။
ဒေါ်နယ်ထရန့်ကရုရှား၏သဘောထားများကို ဗဟိုပြုတော့မည်ဟူသည့်စိုးရိမ်မှုများ မြင့်တက်နေသည့်ကြားထဲ ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးက ကိယက်ဗ်မြို့တွင် ဥရောပခေါင်းဆောင်များနှင့်တွေ့ဆုံရာ၌ ယခုနှစ် ငြိမ်းချမ်းရေးကို တောင်းဆိုချိန်တွင် ၀ါရှင်တန်၌ ဒေါ်နယ်ထရန့်နှင့် မက်ခရွန်တို့ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
အနောက်အုပ်စုလိုလားသောအိမ်နီးချင်း ယူကရိန်းနိုင်ငံကိုရုရှားကျူးကျော်မှုနှင့်ပတ်သက်၍ ၀ါရှင်တန်က ပြစ်တင်ရှုတ်ချမှုကို ရှောင်ရှားခဲ့သောကြောင့် ဖေဖော်ဝါရီ ၂၄ ရက်တွင် အမေရိကန်ပြည်ထောင်စုသည် ကုလသမဂ္ဂ၌ ရုရှားဘက်က နှစ်ကြိမ်ပါခဲ့သည်။
“ဒီငြိမ်းချမ်းးရေးဟာယူကရိန်း အညံ့ခံတယ်ဆိုတဲ့အဓိပ္ပါယ်မသက်ရောက်နိုင်ပါဘူး”ဟု ထရန့်နှင့်ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြင်သစ်သမ္မတက ပြောကြားခဲ့သည်။
ထရန့်သည် ရုရှားသမ္မတပူတင်နှင့် ပြန်လည်ထိတွေ့ဆက်ဆံရန်ကောင်းမွန်သောအ ကြောင်းပြချက်ရှိနေသည်ဆိုသော်လည်း ၀ါရှင်တန်အနေဖြင့် ဥရောပငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့များအတွက် “အရံ”အဖြစ် အထောက်အကူပေးရန် ကမ်းလှမ်းရေးသည် အရေးကြီးသည်ဟု မက်ခရွန်က ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိခဲ့မည်ဆိုပါကယူကရိန်းနိုင်ငံသို့ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့ များစေလွှတ်ပေးရန် အဆိုပြုချက်နှင့်ပတ်သက်၍မိမိသည်ဗြိတိန်ကြီးချုပ်ကီယာစတာမားနှင့်အတူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်းပြင်သစ်သမ္မတက ပြောကြားခဲ့သည်။ ကီယာစတာမားသည် ဖေဖော်ဝါရီ ၂၇ ရက်တွင် ၀ါရှင်တန်၌အမေရိကန် သမ္မတနှင့် တွေ့ဆုံမည်ဖြစ်သည်။
“သမ္မတထရန့်နဲ့စကားပြောခဲ့ပြီးတဲ့နောက်၊ ရှေ့ကိုသွားမယ့်လမ်းကြောင်းရှိနေ တယ်ဆိုတာကိုကျွန်တော်အပြည့်အဝယုံကြည်ပါတယ်”ဟု မက်ရွန်ကပြောကြားခဲ့သည်။
ထရန့်က ရုရှားနှင့်သံတမန်ရေးပြန်လည်စတင်ရန်အဆင်သင့်ဖြစ်နေကြောင်း ကြေညာလိုက်ပြီး စစ်ပွဲပြီးဆုံးစေရေးအတွက် ယူကရိန်းမပ ါဘဲ ဆွေးနွေးမှုများကိုပြုလုပ်မည်ဟုကြေညာလိုက်သည့်အခါ ကမ္ဘာတစ်ဝန်း အံ့အားသင့်ခဲ့ရပြီးနောက် ပြင်သစ်သမ္မတ ၀ါရှင်တန်သို့ အလျင်အမြန်ရောက်ရှိလာ ခြင်းဖြစ်သည်။
ထရန့်၏မကြာသေးမီက ရုရှားကိုလက်ခံယုံကြည်မှုသည် ယူကရိန်းအတွက်အမေရိကန်အကူအညီများ ပြီးဆုံးသွားစေနိုင်ရုံ သာမကကျန်သောဥရောပအတွက်လည်း အကူအညီများ ပြီးဆုံးသွားနိုင်သည်ဟူသည့်စိုး ရိမ်ပူပန်မှုများကိုပေါ်ပေါက်စေခဲ့သည်။
စစ်ပွဲပြီးဆုံးသွားစေမည်ဟု မိမိယုံကြည်ကြောင်း ဖေဖော်ဝါရီ ၂၄ ရက်တွင်အမေရိကန်သမ္မတက ပြောကြားခဲ့ပြီး ယူကရိန်း၏ ရှားပါးသောသယံဇာတများကို အမေရိကန် ထုတ်ယူခွင့်ရရှိမည့် သဘောတူညီချက်အား လက်မှတ်ထိုးရေးထိုးရန် နောင်လာမည့်နှစ်ပတ်တွင် ဇယ်လန်းစကီး ၀ါရှင်တန်မြို့ရှိ အိမ်ဖြူတော်ကို ရောက်လာမည်ဟု မျှော်လင့်ကြောင်းလည်း ပြောကြားသည်။
Ref: AFP