ယူကရိန်းစစ်ပွဲသုံးနှစ်ပြည့်နေ့ ပြင်သစ်ရှိ ရုရှားကောင်စစ်ဝန်ရုံးအနီး ပေါက်ကွဲမှုအချို့ဖြစ်ပွား

ယူကရိန်းစစ်ပွဲသုံးနှစ်ပြည့်နေ့ ပြင်သစ်ရှိ ရုရှားကောင်စစ်ဝန်ရုံးအနီး ပေါက်ကွဲမှုအချို့ဖြစ်ပွား
Published 25 February 2025
Ref: AP & Reuters

ယူကရိန်းကို ရုရှားတပ်များကျူးကျော်ခဲ့သည့် သုံးနှစ်ပြည့်နေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပြင်သစ်နိုင်ငံ ၊ မာဆေးမြို့ရှိ ရုရှားကောင်စစ်ဝန်ရုံးအနီးတွင် ပစ္စည်းနှစ်ခုဖြင့် ပစ်ပေါက်ဖောက်ခွဲမှုအချို့ ဖြစ်ပွားခဲ့သည်။

ထို့ပြင် ကောင်စစ်ဝန်ရုံးနံရံတံတိုင်းဘက်သို့ ဆိုဒါပုလင်းတစ်လုံး ပစ်ပေါက်ကာ  တတိယအကြိမ်ဖောက်ခွဲရန်ကြိုးပမ်းမှုလည်း ရှိခဲ့ပြီး မပေါက်ကွဲခဲ့ပေ။ ထိခိုက်ဒဏ်ရာရသူလည်း မရှိခဲ့ပေ။ 

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူကမူ ယခုပေါက်ကွဲမှုများကို အိမ်ရှင်ပြင်သစ်နိုင်ငံအနေဖြင့် ချက်ချင်းဖော်ထုတ် အရေးယူပေးရန် ၊ ရုရှားအဆောက်အအုံများ၏လုံခြုံရေးကို မြှင့်တင်ပေးရန် တိုက်တွန်းထားကြောင်း နိုင်ငံပိုင် TASS သတင်းဌာနကို ပြောဆိုခဲ့သည်။

အခင်းဖြစ်ပွားရာနေရာမှ  သံသယဖြစ်ဖွယ်လူတစ်ဦး ထွက်ပြေးသွားပြီး ကျူးလွန်ရသည့်ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မသိကြသေးပေ။ ဖြစ်ပွားရာနေရာသို့ မီးသတ်ဝန်ထမ်းများ ၊ ဗုံးရှင်းလင်းရေးအဖွဲ့များလည်း ရောက်လာစစ်ဆေးခဲ့ကြသည်။

၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်း၌ ရုရှားစစ်ဆင်ရေးစတင်လိုက်ပြီးကတည်းက ယခုပေါက်ကွဲမှုဖြစ်ရာ မာဆေးမြို့တွင် ရုရှားကိုဆန့်ကျင်ဆန္ဒ ပြမှုများစွာ ပေါ်ပေါက်လာခဲ့သည်။

Most Read

Most Recent