ကိုဗစ်-၁၉ ရန်ပုံငွေမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ အတိုး၊ အရင်းလုံးဝမပေးဆပ်သည့် ကုမ္ပဏီ/လုပ်ငန်း ၄၈၆ ခုအား ကုမ္ပဏီ/လုပ်ငန်းအမည်၊ နေရပ်လိပ်စာအပြည့်အစုံတို့ဖြင့် သတင်းစာတွင် ကြေညာမည်

ကိုဗစ်-၁၉ ရန်ပုံငွေမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ အတိုး၊ အရင်းလုံးဝမပေးဆပ်သည့် ကုမ္ပဏီ/လုပ်ငန်း ၄၈၆ ခုအား ကုမ္ပဏီ/လုပ်ငန်းအမည်၊ နေရပ်လိပ်စာအပြည့်အစုံတို့ဖြင့် သတင်းစာတွင် ကြေညာမည်
Published 25 February 2025

ကိုဗစ်-၁၉ ရန်ပုံငွေမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ အတိုး၊ အရင်းလုံးဝမပေးဆပ်သည့် ကုမ္ပဏီ/လုပ်ငန်း ၄၈၆ ခုအား  ကုမ္ပဏီ/လုပ်ငန်းအမည်၊လုပ်ငန်းရှင်အမည်/နေရပ်လိပ်စာအပြည့်အစုံတို့ဖြင့် သတင်းစာတွင် ကြေညာမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ထုတ်ပြန်ထားသည်။

ကိုဗစ်-၁၉ ချေးငွေသက်တမ်း သုံးနှစ်ကျော်လွန်ခဲ့ပြီးဖြစ်သဖြင့် ချေးငွေပြန်ဆပ်ရန် ကျန်နေသေးသည့် ကုမ္ပဏီ/လုပ်ငန်း များ အမြန်ဆုံးပြန်ဆပ်ရန် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက အသိပေးကြေညာထားသည်။

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သော စီးပွားရေးလုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေသက်တမ်း ၁ နှစ် (အတိုးနှုန်း တစ်ရာခိုင်နှုန်း) ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှစတင်၍ ချေးငွေများ ထုတ်ချေးခဲ့သည့်အတွက် ချေးငွေသက်တမ်းသုံးနှစ်ပြည့်မြောက်ကျော်လွန်ခဲ့ပြီးဖြစ်၍ ကုမ္ပဏီ/လုပ်ငန်းများအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်အထိ ချေးငွေအရင်းနှင့် အတိုးများအား အမြန်ဆုံးပြန်လည်ပေးဆပ်ရန် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ ရက်တွင် အသိပေးကြေညာခဲ့သည်။

ကော်မတီအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးက ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေပေးဆပ်ရန် ကျန်ရှိနေသည့် အတိုး၊အရင်းလုံးဝမပေးဆပ်သည့် ကုမ္ပဏီ/လုပ်ငန်း များအနေဖြင့် အချိန်မီလာရောက်ပေးဆပ် ခြင်းမရှိပါက လုပ်ငန်းတစ်ခုချင်းအား နိုင်ငံပိုင်သတင်းစာများမှ ထုတ်ပြန်အသိပေးခြင်း၊ စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူခြင်းတို့ဖြင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း  ၂၀၂၄ ခုနှစ် သြဂုတ် ၁၀ ရက်တွင် ပထမအကြိမ်အသိပေးကြေညာခဲ့ပြီးဖြစ်သည်။

သို့ဖြစ်ရာ ကော်မတီအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးက ကိုဗစ်-၁၉ ရန်ပုံငွေ မှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ အတိုး၊အရင်းလုံးဝမပေးဆပ်သည့် ကုမ္ပဏီ/လုပ်ငန်း ၄၈၆ ခုအား ကုမ္ပဏီ/လုပ်ငန်းအမည်၊လုပ်ငန်းရှင်အမည်/နေရပ်လိပ်စာအပြည့်အစုံတို့ဖြင့် သတင်းစာတွင် ကြေညာမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ထုတ်ပြန်ထားသည်။

ကိုဗစ်-၁၉ ချေးငွေသက်တမ်းသုံးနှစ် ကျော်လွန်ပြီး ချေးငွေအရင်းအတိုးများ ပြန်လည်ပေးဆပ်ရန်  ကျန်ရှိနေသည့် ကုမ္ပဏီ/လုပ်ငန်းများ ချေးငွေသက်တမ်းတိုး မြှင့်ပေးရန် အစီအစဉ်မရှိဟု ကိုဗစ်-၁၉ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၊ ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်က ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်းက ပြောကြားခဲ့သည်။

Most Read

Most Recent