ဆမ်ကားက သြစတြေးလျအမျိုးသမီးအသင်းမှာ စံချိန်မှတ်တမ်းများစွာ ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ သူက ဟိုးတုန်းကထက် ပိုပြီးဖွံ့ဖြိုးတိုးတက်လာတဲ့ အမျိုးသမီးဘောလုံးလောကမှာ နာမည်ကျော် ထိပ်တန်းကစားသမားတစ်ဦးအဖြစ် လျှောက်လှမ်းနေတုန်းမှာပဲ မျှော်လင့်မထားတဲ့ ပြဿနာတစ်ရပ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ၂၀၂၃ ဇန်နဝါရီလမှာ လိင်တူချစ်သူ ခရစ္စတီမီးဝစ်နဲ့အတူ Night Out ထွက်ရင်း တက္ကစီသမားနဲ့ ပြဿနာဖြစ်ခဲ့ပါတယ်။ တက္ကစီသမားက အန္တရာယ်ရှိတဲ့ မောင်းနှင်ပုံမျိုး ပြုလုပ်ခဲ့တာကြောင့် သူတို့နှစ်ယောက်က ကားထဲကထွက်ဖို့ ကြိုးစားခဲ့တာလို့ ဆမ်ကားက ဆိုပါတယ်။ တက္ကစီသမားကတော့ အရေးပေါ်ဌာနကို ဖုန်းခေါ်ပြီး တွစ်ကန်ဟမ်ရဲစခန်းကို မောင်းသွားခဲ့ပါတယ်။ ရဲအရာရှိ စတီဖန်လိုဗယ်လ်နဲ့ ဆုံတွေ့ချိန်မှာ ဆမ်ကားက လူမျိုးရေးခွဲခြားတဲ့ စကားလုံးနဲ့ စော်ကားပြောဆိုခဲ့ကြောင်း စွဲချက်တင်ခံခဲ့ရတာပါ။ ၂၀၂၃ ဇန်နဝါရီ (၃၀) မှာ စတင်ခဲ့တဲ့ အဲဒီအမှုအခင်းက (၂)နှစ်ကျော် ကြာမြင့်ခဲ့တဲ့နောက်မှာတော့ ဆမ်ကားမှာ အပြစ်မရှိကြောင်း ဆုံးဖြတ်လိုက်တာပါ။ အဲဒီ (၂)နှစ်တာကာလအတွင်းမှာ ဆမ်ကားအနေနဲ့ ထူးခြားတဲ့အကြောင်းအရာတချို့နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
■ ပျော်ရွှင်ခြင်းနေ့ရက်များဆီသို့...
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။