
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း ဒေါ်လာ ၂၁ သန်းကျော်နှင့် ဘတ်ငါးသိန်း ထပ်မံထုတ်ရောင်းထားကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရောင်းချမှုအနေဖြင့် ဖေဖော်ဝါရီ ၃ ရက်တွင် ယွမ်ငါးသိန်း၊ ၄ ရက်တွင် ယွမ်တစ်သိန်းကျော်၊ ၅ ရက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအား ဒေါ်လာ ၂၃ သန်း ရောင်းချခဲ့သည်။
ဖေဖော်ဝါရီ ၅ ရက်တွင် ဒေါ်လာ ငါးသိန်းနီးပါးနှင့် ယွမ်ငါးသိန်း၊ ၆ ရက်တွင် ဒေါ်လာ တစ်သိန်းကျော်၊ ယွမ်နှစ်သိန်းကျော်၊ ဖေဖော်ဝါရီ ၇ ရက်တွင် ဒေါ်လာ ၂၃ သန်းနှင့် ယွမ်ခြောက်သိန်း၊ ၁၀ ရက်တွင် ဒေါ်လာရှစ်သောင်းကျော်၊ ယွမ်နှစ်သိန်းကျော်နှင့် ဘတ်တစ်သန်းကျော်၊ ဖေဖော်ဝါရီ ၁၁ ရက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအားဒေါ်လာ ၂၁ သန်း၊ ဖေဖော်ဝါရီ ၁၁ ရက်တွင် ဒေါ်လာ ၂၁ သန်းကျော်နှင့် ဘတ်ငါးသိန်း ရောင်းချထားကြောင်း မှတ်တမ်းများအရ သိရသည်။