အက်ဒရီယာနာနဲ့ ဆန်ဒရာ ပရီးမီးယားလိဂ်မှာ ဘယ်သူ ပိုပျော်ရွှင်နိုင်မလဲ (Life)

အက်ဒရီယာနာနဲ့ ဆန်ဒရာ ပရီးမီးယားလိဂ်မှာ ဘယ်သူ ပိုပျော်ရွှင်နိုင်မလဲ (Life)
Photo: Daily Mail
Photo: Daily Mail
Published 12 February 2025
WY

အက်ဒရီယာနာ ဆိုတာက နီကိုဂွန်ဇာလက်ဇ်ရဲ့ ချစ်သူပါ။ အသက်(၂၃)နှစ်အရွယ် နီကိုဂွန်ဇာလက်ဇ်က ဘာစီလိုနာမြို့သူလေး အက်ဒရီယာနာကို ချစ်သူအဖြစ် ရွေးချယ်ထားတာပါ။ အက်ဒရီယာနာက ဘောလုံးသမားတစ်ယောက်ရဲ့ချစ်သူ ဖြစ်နေပေမဲ့ ပေါ်လွင်ထင်ရှားအောင် နေလိုသူမဟုတ်ပါဘူး။ ဒါကြောင့် သူ့ရဲ့ Instgram အကောင့်မှာ နီကိုနဲ့ တွဲရိုက်ထားတဲ့ပုံတောင် သိပ်များများစားစား မရှိပါဘူး။ ပြီးခဲ့တဲ့နှစ်က ပေါ်တူဂီစူပါဖလားပြိုင်ပွဲမှာ ဆုဖလားနဲ့ အောင်ပွဲခံစဉ် နီကိုရဲ့ဘေးမှာ ရှိနေခဲ့တာကြောင့်သာ ပရိသတ်တွေက သူတို့ ချစ်သူတွေ ဖြစ်နေကြောင်း အတည်ပြုနိုင်ခဲ့တာပါ။ အက်ဒရီယာနာက ပွဲလမ်းသဘင်တွေထက် သူမွေးထားတဲ့ မြင်းနဲ့ ခွေးကို ပြုစုယုယနေရတာကို ပိုပြီးပျော်မွေ့သူလည်း ဖြစ်ပါတယ်။ ဆန်ဒရာ ဆိုတာကတော့ အဆန်စီယိုရဲ့ ရှုမငြီးတဲ့ ချစ်ဇနီးလေးပါ။ နာမည်အပြည့်အစုံက ဆန်ဒရာဂါရယ်ဖြစ်ပြီး ကျော့ရှင်းလှပတဲ့၊ ရဲရင့်ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ ၂၀၁၉ ခု နှစ်မှာ အဆန်စီယိုနဲ့ စတင်ဆုံတွေ့တုန်းက နိုက်ကလပ်မှာ စားပွဲထိုးလုပ်နေခဲ့ရပေမဲ့ အခုတော့ ဗိသုကာပညာနဲ့ ဘွဲ့ရခဲ့ပါပြီ။ ကိုယ်ပိုင်ဖက်ရှင်လုပ်ငန်းကို ထူထောင်ထားပါပြီ။ Instagram မှာ Followers (၃၆၂၀၀၀)ကျော် ပိုင်ဆိုင်ထားပါပြီ။ ဒီတော့ လက်ရှိအချိန်မှာ ဆန်ဒရာနဲ့ အဆန်စီယိုတို့က အက်ဒရီယာနာနဲ့ နီကိုဂွန်ဇာလက်ဇ်တို့ထက် ပရိသတ်တွေ နဲ့ အကျွမ်းတဝင်ပိုရှိနေပါတယ်။

 

Most Read

Most Recent