ပင်လယ်ရေ၊ သဲမွမွကမ်းခြေနဲ့ နေရောင်ခြည်နွေးနွေး ပေါင်းဖက်ထားတဲ့ ထိတွေ့မှုဟာ အာတီတာ သဘောအကျဆုံးခံစားချက်ပဲ။ ငယ်ဘဝအချိန် အများစုမှာ ပင်လယ်ကမ်းခြေဘေး၊ နေရောင်ခြည်နွေးနွေး ကျရောက်နေတဲ့ သဲမွမွထက် အာတီတာ ဘောလုံးကစားနေတတ်တယ်။ "ရေပြင်ကျယ်၊ နေရောင်နဲ့ကမ်းခြေကို ကျွန်တော် ချစ်ပါတယ်။ တစ်နေ့တာရဲ့ အချိန်အတော်များများမှာ ကျွန်တော်က ကမ်းခြေသွားပြီး ဘောလုံးကစားနေတတ်တယ်။ ကျွန်တော် ငယ်ဘဝရဲ့ အကောင်းဆုံးပေါင်းစပ်မှုပါပဲ"လို့ အာတီတာ ပြန်ပြောပြတယ်။
အသက် ၁၄ နှစ်အရွယ်ရောက်တဲ့အခါ လာမာစီယာမှာ ဂန္ထဝင်ဖြစ်လာမယ့်သူတွေနဲ့ အာတီတာ ရေစက်ဆုံခွင့်ရတယ်။ ဗစ်တာဗဲလ်ဒက်ဇ်၊ အင်နီယေစတာတို့က အာတီတာရဲ့ အခန်းဖော်တွေဖြစ်လာပါတယ်။ လာမာစီယာရောက်တဲ့ ပထမဆုံးနေ့မှာပဲ ရင်းနှီးခဲ့သူဟာ ပီပီရီနာပါ။ အဲဒီအချိန်ကစတဲ့ သံယောဇဉ်ဟာ ရီနာနဲ့ အာတီတာကြား အခုအချိန်အထိ သံယောဇဉ်မပြတ်ခဲ့ဘူး။
■ အာတီတာရဲ့ အတိတ်အကြောင်း
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။