အခုတစ်ပတ် ယှဉ်ပြိုင်ကစားမယ့် မက်ဒရစ်ဒါဘီက ဒီဘက်နှစ်အပိုင်းအခြားမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံး မက်ဒရစ်ဒါဘီလို့ သတ်မှတ်နိုင်ပါ တယ်။ ဘာကြောင့်လဲဆိုတော့ အမှတ်ပေးဇယား ပထမနဲ့ ဒုတိယနေရာမှာ ရပ်တည်နေတဲ့ အသင်းနှစ်သင်းအဖြစ် ရင်ဆိုင်ကြရမှာဖြစ်လို့ပါ။ မက်ဒရစ်မြို့ခံအသင်းနှစ်သင်းက လာလီဂါချန်ပီယံပြေး လမ်းပေါ်မှာ အမြဲလိုလို လျှောက်လှမ်းနေကြတဲ့အသင်းတွေဖြစ်ပေမဲ့ ထိပ်ဆုံးက နှစ်သင်းအဖြစ်တော့ အမြဲရင်ဆိုင်ရခြင်း မရှိပါဘူး။ ဒါကလည်း မဆန်းပါဘူး။ အက်သလက်တီကိုထက် ရီးယဲလ်မက်ဒရစ်ကို ပိုပြီးစိန်ခေါ်နိုင်တဲ့အသင်းဖြစ်တဲ့ ဘာစီလိုနာ ရှိနေတာကြောင့်ပါ။ ဒါပေမဲ့ အက်သလက်တီကိုအသင်းကလည်း လက်ရှိနည်းပြ ဆီမြွန်နီရဲ့ဦးဆောင်မှုအောက်မှာ လာလီဂါချန်ပီယံလုပွဲကို ပိုပြီးရင်ခုန် စရာကောင်းအောင် လောင်စာဖြည့်ပေးနိုင်တဲ့ အသင်းတစ်သင်း ဖြစ်လာတာကိုတော့ လျစ်လျူရှုလို့ မရနိုင်ပါဘူး။
■ ပထမနေရာအတွက် အဆုံးအဖြတ်ပေးမယ့် မက်ဒရစ်ဒါဘီ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။