ဒီမေးခွန်းရဲ့ အဓိကရည်ညွှန်းရာကတော့ အာဆင်နယ်နဲ့ လီဗာပူးလ်ကိုပါ။ ဇန်နဝါရီလဆန်းပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ လိဂ်ဖလားဆီမီးဖိုင်နယ် ပထမအကျော့မှာ အာဆင်နယ်ရော လီဗာပူးလ်ပါ ရှုံးပွဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အာဆင်နယ်က အိမ်ကွင်းမှာ နယူးကာဆယ်ကို (၀-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ တာဖြစ်ပြီး လီဗာပူးလ်ကတော့ အဝေးကွင်းမှာ စပါးကို (၀-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။ အခု ဒုတိယအကျော့ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားကြရမှာဖြစ်ပြီး အာဆင်နယ်နဲ့ လီဗာပူးလ်တို့ ပထမအကျော့က အရှုံးရလဒ်တွေကို ပြန်ချေဖျက်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ လီဗာပူးလ်က လိဂ်ဖလားချန်ပီယံဆုအတွက် ရေပန်းအစားဆုံးအသင်းအဖြစ် ဆက်ပြီးရပ်တည်နေတာကြောင့် စပါးအသင်းကို ပြန်အနိုင်ယူနိုင်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သတ်မှတ်ထားတဲ့ သဘောပါပဲ။ ပထမအကျော့တုန်းက အဝေးကွင်းမှာ တစ်ဂိုးတည်းနဲ့သာ ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး ဒုတိယအကျော့ကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်လို့ လီဗာပူးလ် ပြန်လာနိုင်မယ်လို့ ယုံကြည်နေကြခြင်းလည်း ဖြစ်ပါတယ်။ အာဆင်နယ်ကတော့ အိမ်ကွင်းမှာ (၂)ဂိုးပြတ်ရှုံးနိမ့်ထားခဲ့ခြင်းဖြစ်တာကြောင့် ရေပန်းစားမှုမှာ နောက်ဆုံးနေရာ ရောက်သွားခဲ့ပါတယ်။ ပြန်လာနိုင်ဖို့ မလွယ်တော့ဘူးလို့ သတ်မှတ်ခံလိုက်ရခြင်းပါပဲ။
သူတို့ ပြန်လာနိုင်မလား
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။