■ ရီးစ်ဂျိမ်းစ် ပြန်လာပြီလား

■ ရီးစ်ဂျိမ်းစ် ပြန်လာပြီလား
Photo: Getty Images
Photo: Getty Images
Published 17 January 2025
AK

ဘုန်းမောက်နဲ့ပွဲမှာ ချယ်လ်ဆီးအတွက် ကယ်တင်ရှင်ဟာ ရီးစ်ဂျိမ်းစ်ပါပဲ။ သူ့ရဲ့ (၉၅) မိနစ် သွင်းဂိုးကြောင့် ချယ်လ်ဆီး အရှုံးဒဏ်ကနေ လွတ်မြောက်ခဲ့ရတယ်။ ဂိုးသွင်းပြီးအောင်ပွဲခံရတဲ့အရသာကို ရီးစ်ဂျိမ်းစ် မခံစားရတာကြာနေပြီ။ သူက ဒဏ်ရာတောထဲလဲပြိုပြီးရင်းလဲပြိုနေတာ မဟုတ်လား။ လက်ရှိရာသီပရီးမီးယားလိဂ်မှာ ရီးစ်ဂျိမ်းစ်ရဲ့ ပွဲကစားချိန်က (၂၇၅) မိနစ်ပဲရှိခဲ့တယ်။ သိပ်ကိုနည်း ပါးလွန်းတဲ့အချိန်ပမာဏပါပဲ။ ဒဏ်ရာကြောင့် သူ တိတ်ဆိတ်နေရချိန်ဟာ မဆုံးနိုင်အောင် ကြာရှည် လွန်းခဲ့တယ်။ ပြီးခဲ့တဲ့ဝိုင်ကမ်ဘီအသင်းနဲ့ အက်ဖ်အေဖလားပွဲမှာ သူပြန်လာနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးပရိသတ်တွေက သူဒဏ်ရာရသွားမလားဆိုပြီး ရင်တမမစောင့်ကြည့်ခဲ့ရပေါ့။ အခုဘုန်းမောက်နဲ့ ပရီးမီးယားလိဂ်ပွဲမှာ ရီးစ်ဂျိမ်းစ်က ဂိုးပါသွင်းပြလိုက်ပါပြီ။

 

Most Read

Most Recent