မုန်တိုင်းထဲက မားကပ်စ်ရပ်ရှ်ဖို့ဒ်

မုန်တိုင်းထဲက မားကပ်စ်ရပ်ရှ်ဖို့ဒ်
Photo : AFP
Photo : AFP
Published 6 January 2025
Chan Myae

ဇာတ်လမ်းအစက ရပ်ရှ်ဖို့ဒ်နဲ့ ဂါနာချိုကို မန်ချက်စတာဒါဘီမှာ အရန်ခုံတောင် ထိုင်ခိုင်းခြင်းတောင် မရှိဘဲ ချန်လှပ်ခဲ့ပြီး ဒီအခြေအနေနဲ့အတူ အနာဂတ်သတင်းတွေ စတင်လှုပ်ခတ်ခဲ့ပါတယ်။ အာမိုရင်မ်က ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ထွေထွေထူးထူး မပြောခဲ့ဘဲ ထိန်းထိန်းသိမ်းသိမ်းသာ ပြောခဲ့တယ်။ ဒါပေမဲ့ ပွဲအပြီးမှာတော့ ရပ်ရှ်ဖို့ဒ်တို့ ပွဲနေ့လူစာရင်းမှာ မပါတဲ့အကြောင်း Whatsapp ကနေ ပို့ခဲ့တာဖြစ်ကြောင်း အပါအဝင် ရပ်ရှ်ဖို့ဒ်ရဲ့ အမူအကျင့်တွေနဲ့ ငြိနေတဲ့ စကားတချို့ကို သွယ်ဝိုက်ပြီး ပြောခဲ့တာ တွေ့ရတယ်။ သိပ်မကြာခင်မှာပဲ ရပ်ရှ်ဖို့ဒ်ကို ယူနိုက်တက်ဟာ ဇန်နဝါရီမှာ အရောင်းစာရင်းတင်တော့မယ်ဆိုတဲ့ သတင်းတွေ တက်လာခဲ့ပါတယ်။ ဂါးဒီးယန်းသတင်းစာက တင်ဆက်တာဖြစ်လို့ အဖွသတင်းတော့ မဟုတ်ဘဲ ယုံကြည်စိတ်ချရတဲ့ အခြေအနေမှာ ရှိပါတယ်။

 

Most Read

Most Recent