အင်္ဂလန်ရဲ့ ပြည်တွင်းဖလားပြိုင်ပွဲ တစ်ခုဖြစ်တဲ့ လိဂ်ဖလားကတော့ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိလာပါပြီ။ ဒီအဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ အသင်း ၄ သင်းကတော့ လီဗာပူးလ်၊ အာဆင်နယ်၊ စပါးနဲ့ နယူးကာဆယ်တို့ပါ။ ဒီပြိုင်ပွဲကို လက်ရှိအချိန်မှာ Carabao က စပွန်ဆာပေးထားတာကြောင့် Carabao Cup လို့လည်း ခေါ်ကြပါတယ်။ ဒီပြိုင်ပွဲမှာ ပရီးမီးယားလိဂ်၊ လိဂ်ချန်ပီယံရှစ်၊ League One နဲ့ League Two က အသင်းတွေ ယှဉ်ပြိုင်ကြရတာဖြစ်ပြီး ဒီရာသီမှာတော့ ကွာတားဖိုင်နယ်ရောက်ကတည်းက ပရီးမီးယားလိဂ်အသင်းတွေပဲ ကျန်ရစ်တာပါ။ ဆီမီးဖိုင်နယ်မှာတော့ အာဆင်နယ်နဲ့ နယူးကာဆယ်၊ လီဗာပူးလ်နဲ့ စပါးတို့ ဆုံတွေ့နေကြပြီး အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်နဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
၀င်ဘလေအထိ ဘယ်သူတွေ ခရီးဆက်နိုင်မလဲ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















