■ ဒေါ်နယ်ထရန့်က ၎င်း၏ ကျမ်းသစ္စာကျိန်ဆိုပွဲတွင် ယူကရိန်းသမ္မတ ဇယ်လန်စကီးကို ဖိတ်ကြားခဲ့ခြင်းမရှိကြောင်း ပြောကြား

■ ဒေါ်နယ်ထရန့်က ၎င်း၏ ကျမ်းသစ္စာကျိန်ဆိုပွဲတွင် ယူကရိန်းသမ္မတ ဇယ်လန်စကီးကို ဖိတ်ကြားခဲ့ခြင်းမရှိကြောင်း ပြောကြား
Published 17 December 2024

အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရန့်က ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင်ပြုလုပ်မည့် ၎င်း၏ ကျမ်သစ္စာကျိန်ဆိုပွဲကို ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးအား တက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်း မရှိကြောင်း ပြောကြားခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် ဇယ်လန်စကီးအား ဖိတ်ကြားခဲ့ခြင်း ရှိ၊ မရှိ သတင်းထောက်များက မေးမြန်းချိန်တွင် ထရန့်က ထိုကဲ့သို့ ပြောကြား ခြင်းဖြစ်သည်။

"ကျွန်တော် မဖိတ်ကြားခဲ့ပါဘူး" ဟု ထရန့်က ပြောကြားခဲ့ကြောင်း ရုရှား၏ RIS Novosti သတင်းအေဂျင်စီက ကိုးကားဖော်ပြခဲ့သည်။

အကယ်၍ ဇယ်လန်စကီးသည် သမ္မတကျမ်းကျိန်ပွဲကို တက်ရောက်လိုပါက ဝါရှင်တန်သို့ လာလိမ့်မည်ဟု ထရန့်က ပြောသည်။

ထို့ပြင် ဒေါ်နယ်ထရန့်၏ သမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တရုတ်သမ္မတရှီကျင်းပင်တက်ရောက်ပေးရန် ဖိတ်ကြားထားသော်လည်း ၊  ရှီ တက်ရောက်နိုင်ဖွယ်မရှိဟု သတင်းရင်းမြစ် နှစ်ဦးက CBS News သတင်းဌာနကိုပြောသည်။ 

၎င်းတို့အဆိုအရ ထရန့်ကျမ်းကျိန်ပွဲသို့ ရှီအစား အမေရိကန်ဆိုင်ရာ တရုတ်သံ အမတ်နှင့် ပေကျင်းရှိအရာရှိများသာ တက်ရောက်ဖွယ်ရှိသည်။

“မဟာမိတ်ရယ်မှမဟုတ်၊ ပြိုင်ဖက်နိုင်ငံတွေရဲ့ခေါင်းဆောင်တွေနဲ့ လည်း ပွင့်ပွင့်လင်းလင်းပြောဆိုညှိနှိုင်းဖို့ သမ္မတထရန့်က လမ်းဖွင့်ထားတဲ့သဘောပါ” ဟု ထရန့်၏ပြောရေးဆိုခွင့်ရှိသူ ကယ်ရိုလင်းလိဗစ်က Fox News ရုပ်သံသို့ပြောသည်။  

ထရန့်သည် တရုတ်သမ္မတ ရှီ ကိုချီးကျူးသည့် အခါလည်းရှိသကဲ့သို့ တရုတ်ကို ပြစ်ပြစ်နှစ် နှစ်ဝေဖန်ခဲ့သည့်အခါလည်းရှိသည်။

ထို့ပြင် ထရန့်က သမ္မတတာဝန်ကို ၎င်းယူသည့်အခါ  တရုတ်သွင်းကုန်များကို အကောက်ခွန်သိသိ သာသာတိုးမည်ဟု ကြုံးဝါးထားသည်။

သို့ သော်အောက်တိုဘာတွင် ထရန့်က “ပြည်သူ  ၁ ဒသမ ၄ ဘီလျံကို သူ ကြပ်ကြပ်မတ်မတ်အုပ် ချုပ်နိုင်တယ်၊ သူက တစ်ကယ်တော်တဲ့သူ” ဟု ရှီကိုချီးကျူးခဲ့ပြန်သည်။ 

နိုင်ငံခြားရေးဝန် ကြီးဖြစ်လာမည့် မာကိုရူဘီယိုနှင့် နိုင်ငံတော် လုံခြုံရေးအကြံပေးဖြစ်လာမည့် မိုက်ဝေါ့ဇ် အပါအဝင် ထရန့်အစိုးရအဖွဲ့တွင်ပါလာမည့် အရာရှိအချို့သည် တရုတ်အစိုးရကို ဝေဖန်ခဲ့သူများဖြစ်သည်။       

■ Ref: EurAsia Daily , BBC 

 

Most Read

Most Recent