ထိပ်ဆုံး (၈)နေရာကို ဘယ်သူတွေ ရယူမလဲ

ထိပ်ဆုံး (၈)နေရာကို ဘယ်သူတွေ ရယူမလဲ
Photo : UEFA
Photo : UEFA
Published 9 December 2024
Wai Yan Aung

၂၀၂၄-၂၅ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လောလောဆယ်အမှတ်ပေးဇယားထိပ်ဆုံး(၈)နေရာကို ရယူထားတဲ့အသင်းတွေက လီဗာပူးလ်၊ အင်တာမီလန်၊ ဘာစီလိုနာ၊ ဒေါ့မွန်၊ အတ္တလန်တာ၊ လေဗာကူဆင်၊ အာဆင်နယ်၊ မိုနာကိုတို့ပါ။ ပုံစံသစ်နဲ့ ကျင်းပနေတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံး ၈ သင်းက ရှုံးထွက်အဆင့်ကို တိုက်ရိုက်တက်ရောက်ခွင့်ရရှိမယ့်အပြင် ၁၆ သင်းအဆင့်ကို ရောက်ရင် ဆီဒင်ရအသင်းအဖြစ်လည်း သတ်မှတ်ခံရမှာပါ။ အဆင့် ၉ ကနေ ၂၄ အထိ ရရှိတဲ့အသင်းတွေက ရှုံးထွက်အဆင့်တက်ရောက်ခွင့်ရဖို့ Play-offs ပွဲတွေ ထပ်ကစားပြီး အဆုံးအဖြတ်ခံယူရမှာ ဖြစ်တာကြောင့် ထိပ်သီးအသင်းကြီးတွေအတွက်တော့ ထိပ်ဆုံး ၈ နေရာရရှိရေးဟာ ဒီလိုအချိန်ကာလမှာ ပထမဦးစားပေးဖြစ်ပါတယ်။

 

Most Read

Most Recent