ကောင်းခြင်းတွေနဲ့ ခြုံလွှမ်းတဲ့ အချိန်ကာလတစ်ခုကို လီဗာပူးလ်အသင်းတို့ ဖြတ်သန်းနေရချိန်မှာ အသင်းကြယ်ပွင့် ဆာလာက စိုးရိမ်စရာ တစ်ခုအကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒီရာသီအစကတည်းက စိုးရိမ်ခဲ့ရတဲ့ ဆာလာ၊ ဗန်ဒိုက်၊ အာနိုးလ်တို့ရဲ့ စာချုပ်သစ်ကိစ္စမှာ ဆာလာဟာ ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ပြောလိုက်တာလည်း ဖြစ်တယ်။ ဆာလာက မီဒီယာတွေကို စကားပြောခဲ့ပါတယ်။ ပွဲအပြီး Mixed Zone တွေမှာ လုပ်တဲ့ အင်တာဗျူးတွေကို ဆာလာ ရှောင်လေ့ရှိပြီး သူ့ရဲ့ (၇) နှစ်ခွဲ လီဗာပူးလ်ဘဝမှာ (၂) ကြိမ်ပဲ ပြောဖူးပါတယ်။ အခုတစ်ကြိမ် ပြောလိုက်တဲ့စကားက အကြီးကြီးပါပဲ။ "ကျွန်တော်တို့ဟာ ဒီဇင်ဘာလကို ရောက်ရှိနေပြီဖြစ်ပြီး အသင်းဆီကနေ အသင်းမှာ ဆက်နေဖို့အတွက် စာချုပ်သစ်ကမ်းလှမ်းမှုကို မရရှိသေးပါဘူး။ ဖြစ်နိုင်တာက ကျွန်တော် ဆက်နေဖို့ထက် ထွက်ဖို့က ပိုများနေတယ် ဆိုတာပါပဲ"လို့ ဆာလာက ပြောခဲ့တယ်။
■ လီဗာပူးလ်၊ ဆာလာနဲ့ စာချုပ်သစ်ပဟေဠိ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















