မက်ဂရီဂေါ် ရဲ့အချစ်စိတ်ရိုင်း (Life)

မက်ဂရီဂေါ် ရဲ့အချစ်စိတ်ရိုင်း (Life)
Photo : X
Photo : X
Published 28 November 2024
AK

မက်ဂရီဂေါ်က ငွေရှိတိုင်း ထင်တိုင်းကြဲတဲ့ လူစားပါ။ ဟိတ်ဟန်များပြီး သူ့ကိုယ်သူ အထင်သိပ်ကြီးပါတယ်။ UFC ရဲ့ဂန္ထဝင်ဖိုက်တာတစ်ဦးဖြစ်ပေမဲ့ သူ့ရဲ့ ပြင်ပလူနေမှုပုံစံက သိပ်ပြီးစိတ်ပျက်စရာကောင်းပါတယ်။ အခုလည်း မိန်းမကိစ္စကြောင့် မက်ဂရီဂေါ် နာမည်ပျက်နေပါပြီ။ မက်ဂရီဂေါ်က ကလေးအမေတစ်ဦးကို အလိုမတူဘဲ ကာမရယူခဲ့လို့ တရားရင်ဆိုင်ခဲ့ရတယ်။ ၂၀၁၈ ခုနှစ်အတွင်းမှာ မက်ဂရီဂေါ်က နီကီတာဟန်းလို့အမည်ရတဲ့ အမျိုးသမီးတစ်ဦးကို ပွဲကြမ်းခဲ့တာပါ။ သူတို့နှစ်ဦးက ကြားခံလူတစ်ဦး မိတ်ဆက်ပေးလို့ သိကျွမ်းခဲ့ကြပါတယ်။ ဆံပင်အလှပညာရှင် နီကီတာဟန်းက သူ့ဘဝနဲ့သူ အေးချမ်းနေသူပါ။ မက်ဂရီဂေါ်ဆီ ကနေ အကျိုးအမြတ် မျှော်လင့်ခဲ့ပေမဲ့ ပိုင်းလုံးတစ်ယောက်တော့ မဟုတ်ပါဘူး။

 

Most Read

Most Recent