ဘန်ကောက်မှ ချင်းရိုင်သို့ မောင်းနှင်လာသည့် ဘတ်စ်ကားနဲ့ တွဲကား တိုက်မိပြီး ၄၅ဦးဒဏ်ရာရရှိ

ဘန်ကောက်မှ ချင်းရိုင်သို့ မောင်းနှင်လာသည့် ဘတ်စ်ကားနဲ့ တွဲကား တိုက်မိပြီး ၄၅ဦးဒဏ်ရာရရှိ
Published 6 November 2024

ထိုင်းနိုင်ငံ ရာပြည်နယ် ဆွန်ခရိုင်တွင် နိုဝင်ဘာလ ၅ရက် နံနက်ပိုင်းက  ဘန်ကောက်မှချင်းရိုင်သ်ိ ဦးတည် မောင်းနှင်လာသောခရီးသည်တင်  ဘက်စ်ကားနှင့် တွဲကားတို တိုက်မိပြီး ခရီးသည်၄၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဘန်ကောက်မှချင်းရိုင်သို နိုဝင်ဘာ၄ရက်နေ့ညက ထွက်ခွားလာသည့် အဆိုပါ ဘတ်စကားတွင် ခရီးသည်နှင့် ဝန်ထမ်းအပါအဝင် ၄၇ ဦးတင်ဆောင်လာပြီး နိုဝင်ဘာလ ၅ရက်  နံနက် ၆ နာရီ ၁၅ မိနစ်ခန့်က  အမြန်လမ်း ၁၀၃ တွင် ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်း ဦးစီးဌာနမှ သိရသည်။

ခရီးသည်ပိုဆောင် ရေး အဲယားကွန်းဘတ်စ်ကားသည် ခရီးသည်နှင့် အမှုထမ်း ၄၇ ဦး တင်ဆောင်ခဲ့သည်။  တနင်္လာနေ့ညတွင် မြိုတော်မှ ထွက်ခွာခဲ့ပြီး ၎င်း၏ နောက်ဆုံးခရီးမှာ ချင်းရိုင်ပြည်နယ် ချန်ဆန်ခရိုင်ဖြစ်သည်။

ဖရာခရိုင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးသက်သာရေးရုံးမှအကြီးအကဲ ရမ်ပူ ချန်တာပါတူက ဘတ်စ်ကားပေါ်တွင် လူ ၄၅ ဦး ဒဏ်ရာရခဲ့ပြီး တစ်ဦးမှာ ပြင်းထန်ကြောင်း ပြည်သူ့ဆက်ဆံရေးဌာနသို့ ပြောကြားခဲ့သည်။  အားလုံးကို ဆောင်းဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းBangkok Post သတင်းတွင်ရေးသားထားသည်။

Ref,Bangkok Post7

Most Read

Most Recent