■ ပန်းကန်ဆေးပြီး ငွေရှာဖူးတဲ့ Iron Man ရော့ထန်

■ ပန်းကန်ဆေးပြီး ငွေရှာဖူးတဲ့ Iron Man ရော့ထန်
Photo: ONE Championship
Photo: ONE Championship
Published 25 October 2024
AK

မွေထိုင်းအားကစားနည်းဟာ ရော့ထန်ကို သိပ်ပြီးနက်တဲ့ ဆင်းရဲတွန်းထဲကနေ ဆွဲထုတ်ပေးခဲ့ပါတယ်။ မွေးချင်းဆယ်ယောက်ထဲက ရှစ်ယောက်မြောက် ရော့ထန်ဟာ ခပ်ငယ်ငယ်အရွယ်ကတည်းက မိသားစုစားဝတ်နေရေးအတွက် ရှာဖွေခဲ့ရတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း ပတ္တာလန်းမှာ ရော့ထန်ရဲ့ ကြမ်းတမ်းတဲ့ဘဝ ရှိခဲ့ဖူးတယ်။ ပျော်ရွှင်စရာတွေ မရှိသလောက်နည်းပါးပြီး နေ့စဉ်နေတိုင်းအလုပ်တစ်ခုခု ရှာလုပ်ခဲ့ရတာပါ။ လစာနဲ့အလုပ်အကိုင်တွေက မတည်ငြိမ်ပါဘူး။ ဒီတော့ ရော့ထန်ရဲ့မိသားစုဝင်အားလုံးဟာ ရရာ အလုပ်လုပ်ကြရတယ်။ "ကျွန်တော်ရဲ့ကလေးဘဝက ဆော့ကစားချိန် သိပ်မရှိခဲ့ဘူး။ ကျွန်တော့်သူငယ်ချင်းတွေလိုမျိုး အဆာပြေမုန့်ဝယ်စားစရာပိုက်ဆံမရှိသလို၊ ကစားစရာ အရုပ်လည်း မရှိခဲ့ပါဘူး။ ကျွန်တော်တို့အလုပ်တစ်ခုခုရဖို့အတွက် နေရာစုံအောင် လျှောက်သွားခဲ့ရတယ်။ အမေက အခမ်းအနားပွဲတွေမှာ ပန်းကန်လိုက်ဆေးရင် ကျွန်တော့်ကို ခေါ်သွားတတ်ပါတယ်။ တစ်ခါတလေ ပန်းကန်ဆေးခအဖြစ် ပိုက်ဆံရပေမယ့် တစ်ခါတလေတော့ အစားအစာတွေ ရတယ်။ အမှိုက်တွေထဲက ရောင်းလို့ရတာလေးတွေရှာဖွေပြီးလည်း ငွေရှာဖူးတယ်"လို့ ရော့ထန် ပြန်ပြောပြတယ်။

 

Most Read

Most Recent