ချန်ပီယံလိဂ်ပွဲစဉ်များပွဲကြိုသုံးသပ်ချက်

ချန်ပီယံလိဂ်ပွဲစဉ်များပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 2 October 2024

ရှက်တာဒိုးနက် - အတ္တလန်တာ (ဗုဒ္ဓဟူးည ၁၁း၁၅ နာရီ)

ရှက်တာဒိုးနက်က ဘိုလော့ဂ်နာကို သရေပဲ ကစားနိုင်ခဲ့ပြီး အတ္တလန်တာကလည်း အာဆင်နယ်နဲ့ သရေကျခဲ့တယ်။ အာ ဆင်နယ်ကို ကစားခဲ့တဲ့ အတ္တလန်တာရဲ့ ခြေစွမ်းက တော်တော် လေးကောင်းပါတယ်။ ရှက်တာဒိုးနက်ထက်လည်း အများကြီး သာတယ်။ အတ္တလန်တာကို ကြိုက်တယ်။ 

အက်စတွန်ဗီလာ - ဘိုင်ယန်မြူးနစ် (ကြာသပတေးနံနက် ၁၁း၃၀ နာရီ)

ဒီတစ်ပတ် ချန်ပီယံလိဂ် ပွဲစဉ်တွေထဲမှာ သမိုင်းကြောင်းအရ တော်တော်လေး စိတ်ဝင်စားစရာကောင်းဖြစ်တယ်။ အက် စတွန်ဗီလာအသင်း ၁၉၈၂ မှာ ချန်ပီယံလိဂ်ဗိုလ်စွဲတော့ ဘိုင်ယန်မြူးနစ်အသင်းကို အနိုင်ယူခဲ့တာဖြစ်ပြီး အခုတော့ ဒီနှစ်သင်း က အဲဒီပွဲနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ဆုံတွေ့နေတယ်။ အက်စတွန်ဗီလာက အိမ်ကွင်းမှာ အာဆင်နယ်၊ မန်စီးတီး တို့လိုအသင်းတွေကို ယှဉ်ကစားနိုင်စွမ်းရှိတယ်ဆိုရင် ဘိုင်ယန်မြူးနစ်ကိုလည်း အရမ်းစိုးရိမ်နေစရာမလိုဘူး။ အရေးကြီးတဲ့အ ချက်က စိတ်ပိုင်းဆိုင်ရာသာဖြစ်တယ်။ ဘိုင်ယန်နည်းပြ ကွန်ပနီအတွက်တော့ အင်္ဂလန်မြေကို အသင်းကြီးတစ်သင်းနဲ့ ပြန်လာ ပြီး တစ်ခုခုလုပ်ပြဖို့ ကြိုးစားမှာပါ။ သရေကျသွားနိုင်တယ်။ 

ဘင်ဖီကာ - အက်သလက်တီကို (ကြာသပတေးနံနက် ၁၁း၃၀ နာရီ)

ဘင်ဖီကာက တော်တော်လေးတောင့်တင်းတဲ့ အသင်း ဖြစ်တယ်။ ခံစစ်မှာ အန်တိုနီယိုဆေးလ်ဗားနဲ့ အော်တာမန်ဒီတို့ အားကောင်းသလို၊ ကွင်းလယ်နဲ့ တိုက်စစ်မှာလည်း အရည်အ သွေးမြင့် ကစားသမားကောင်းတွေရှိနေတယ်။ အက်သလက်တီ ကိုမက်ဒရစ်ရဲ့ လူအင်အားက ပိုတောင့်တင်းပေမယ့် အဝေး ကွင်းပွဲစဉ်ဖြစ်နေတဲ့အတွက် ပေါ်တူဂီမြေမှာ နိုင်ပွဲယူဖို့ ခက်လိမ့် မယ်။ ဘင်ဖီကာကို ကြိုက်တယ်။ 

လိုင်လီ - ရီးယဲလ်မက်ဒရစ် (ကြာသပတေးနံနက် ၁၁း၃၀ နာရီ)

လိုင်လီက ကစားသမားကောင်းတချို့ ပိုင်ဆိုင်ထားပါ တယ်။ ဒါပေမဲ့ အသင်းလိုက် ကစားပုံကတော့ သိပ်အားမကောင်း လှဘူး။ စပို့တင်းလစ္စဘွန်းနဲ့ ကစားခဲ့တဲ့ပွဲတုန်းကလည်း ပုံစံ ကောင်းမပြနိုင်ခဲ့သလို ပေါ်တူဂီမြေမှာလည်း ရှုံးပွဲတွေ့ထားခဲ့ တယ်။ ရီးယဲလ်ကလည်း စတုဂတ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ဂိုး ပြတ်အနိုင်ရခဲ့ပေမယ့် အသင်းလိုက်ကစားဟန်က အားနည်း ချက်တွေရှိခဲ့တယ်။ အမ်ဘာပေက ပြင်သစ်ကလပ်နဲ့ ပြန်ရင်ဆိုင် ရမှာဖြစ်ပြီး ရီးယဲလ်ပဲ ကပ်နိုင်လိမ့်မယ်။ 

လီဗာပူးလ် - ဘိုလော့ဂ်နာ (ကြာသပတေးနံနက် ၁၁း၃၀ နာရီ)

လီဗာပူးလ်က အာနယ်ဆလော့နဲ့အတူ အမြင့်ပျံနေခဲ့ တယ်။ ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယားထိပ်ဆုံးကိုရောက် နေသလို ချန်ပီယံလိဂ်မှာလည်း အဖွင့်နိုင်ပွဲ ရထားတယ်။ အဖွင့် ပွဲတုန်းက အေစီမီလန်အသင်းနဲ့ ကစားခဲ့တဲ့ ခြေစွမ်းက တော် တော်လေး ကောင်းမွန်ခဲ့ပါတယ်။ အခုလည်း နောက်ထပ် အီတ လီအသင်းတစ်သင်းနဲ့ ကစားရမယ်။ ဘိုလော့ဂ်နာက ရှက်တာဒိုး နက်နဲ့ သရေပွဲမှာကစားပုံမဆိုးပေမယ့် အားနည်းချက်တွေအ များကြီးပါ။ လီဗာပူးလ်အတွက် လွယ်ပါတယ်။ 

လိုက်ပ်ဇစ် - ဂျူဗင်တပ်စ် (ကြာသပတေးနံနက် ၁၁း၃၀ နာရီ)

လိုက်ပ်ဇစ်က ပြီးခဲ့တဲ့ပွဲမှာ အက်သလက်တီကိုမက်ဒရစ် ကို အဝေးကွင်းမှာ ရှုံးခဲ့တယ်။ ကစားခဲ့တဲ့ ခြေစွမ်းက မဆိုးပေ မယ့် အက်သလက်တီကို ကိုမယှဉ်နိုင်ခဲ့ဘူး။ ဆက်စ်ကို၊ အိုပန် ဒါတို့ရဲ့ တိုက်စစ်ကတော့ တော်တော်လေးခြိမ်းခြောက်နိုင်တာ တွေ့ရတယ်။ အိမ်ကွင်းမှာတော့ ကစားပုံပိုကောင်းလာနိုင် တယ်။ ဂျူဗင်တပ်စ်အတွက် ခက်ခဲနိုင်တဲ့ပွဲပါ။ လိုက်ပ်ဇစ်ကို ကြိုက်တယ်။ 

အခြားပွဲစဉ်များ

စတမ်းဂရက်ဇ် - ကလပ်ဘရုဂေး (ကြာသပတေးနံနက် ၁၁း၃၀ နာရီ)

ဒိုင်နမိုဇာဂရက် - မိုနာကို (ကြာသပတေးနံနက် ၁၁း၃၀ နာရီ)

ဂျီရိုနာ - ဖီယင်နု (ဗုဒ္ဓဟူးည ၁၁း၁၅ နာရီ)