■ ဖူလ်ဟမ်နှင့်ပွဲကို နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ် လွဲချော်ဖွယ်ရှိ

■ ဖူလ်ဟမ်နှင့်ပွဲကို နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ် လွဲချော်ဖွယ်ရှိ
Photo: Getty Images
Photo: Getty Images
Published 20 September 2024

နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်သည် ယခုတစ်ပတ် ယှဉ်ပြိုင်ကစားမည့် ဖူလ်ဟမ်နှင့်ပွဲကို လွဲချော်ဖွယ်ရှိကြောင်း သိရသည်။ 

အီဆက်ခ်သည် ခြေချောင်းဒဏ်ရာ ရရှိနေသည့်အတွက် ဖူလ်ဟမ်နှင့်ပွဲကိုသာမက အခြားပွဲအချို့ကိုလည်း လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။ 

နယူးကာဆယ်အသင်းတွင် ဝီလ်ဆင်မှာလည်း နောက်ကျောဒဏ်ရာကြောင့် အနားယူရမည်ဖြစ်သည့်အတွက် ဂေါ်ဒွန်က တိုက်စစ်မှူးအဖြစ် ကစားရဖွယ်ရှိကြောင်း သိရသည်။

အသက် (၂၄)နှစ်အရွယ်ရှိ အီဆက်ခ်သည် ပြီးခဲ့သည့်ရာသီ နယူးကာဆယ်အတွက် ပြိုင်ပွဲစုံ ပွဲ (၄၀) တွင် (၂၅) ဂိုး သွင်းယူပေးခဲ့သည်။ 

ထို့ပြင် ၎င်းသည် ယခုရာသီ ပရီးမီးယားလိဂ် (၃) ပွဲတွင်လည်း (၁) ဂိုးသွင်းယူထားသည်။ 

နယူးကာဆယ်အသင်းအနေဖြင့် အဓိကတိုက်စစ်မှူး အီဆက်ခ်ကို ဒဏ်ရာကြောင့် ဆုံးရှုံးရခြင်းမှာ ထိုးနှက်ချက်ဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent