တရုတ်ထုတ် CCTV ကင်မရာ တစ်ထောင်ကျော်ကို ဖယ်ရှားခဲ့သည်ဟု တောင်ကိုရီးယားစစ်တပ် ပြောကြား

တရုတ်ထုတ် CCTV ကင်မရာ တစ်ထောင်ကျော်ကို ဖယ်ရှားခဲ့သည်ဟု တောင်ကိုရီးယားစစ်တပ် ပြောကြား
Published 14 September 2024

တောင်ကိုရီးယားစစ်တပ်က ထောက်လှမ်းရေးကင်မရာ တစ်ထောင်ကျော်ကို ဖယ်ရှားလိုက်သည်ဟု စက်တင်ဘာ ၁၃ ရက်တွင် တာဝန်ရှိသူကအေအက်ဖ်ပီကို ပြောကြားခဲ့သည်။

ယင်းသို့ဖယ်ရှားခဲ့သည့် ထောက်လှမ်းရေး ကင်မရာများထဲတွင် မြောက်ကိုရီးယားနယ်စပ်အနီးရှိ ကင်မရာအချို့ပါဝင်သည် ဟု ဆိုသည်။

အဆိုပါ ထောက်လှမ်းရေး ကင်မရာများသည် တရုတ်ထုတ် ကင်မရာများဖြစ်နေသည်ကို တွေ့ရှိခဲ့ပြီးနောက် တောင်ကိုရီး ယားစစ်တပ်က ထောက်လှမ်းရေးကင်မရာ တစ်ထောင်ကျော်ကို ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။

လုံခြုံရေးထူထပ်စွာ ချထားသော နယ်စပ်အပါအဝင် စစ်အခြေစိုက်စခန်းများတွင် တပ်ဆင်ထားသော ကင်မရာ ၁,၃၀၀ ဝန်းကျင်ကို ဖယ်ရှားခဲ့သည်ဟု တောင်ကိုရီးယားစစ်တပ် တာဝန်ရှိသူက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

ပုံမှန်လုပ်ဆောင်နေကျ စစ်ဆေးမှုအတွင်း အဆိုပါကင်မရာများကို တရုတ်နိုင်ငံတွင် ထုတ်လုပ်သည်ဟု တွေ့ရှိ ခဲ့သည်ဆိုသော်လည်း ယင်းကင်မရာများကို ကိုရီးယားကုမ္ပဏီတစ်ခုက တင်ပို့ပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

စစ်တပ်ထဲရောက်လာသည့် ပြည်ပပစ္စည်းကိရိယာများနှင့်ဆက်စပ်၍ လုံခြုံရေးအားနည်းမှုများကို ဖော်ထုတ်စဉ် ယခုကဲ့သို့ တွေ့ရှိခြင်းဖြစ်သည်။

Ref:AFP

Most Read

Most Recent