ဆောက်သမ်တန်အား ရှုံးနိမ့်ပါက ရာထူးမှထုတ်ပယ်ခံရနိုင်သည်ဟု တန်ဟက်ဂ်ကို ဆာဟာ သတိပေး

ဆောက်သမ်တန်အား ရှုံးနိမ့်ပါက ရာထူးမှထုတ်ပယ်ခံရနိုင်သည်ဟု တန်ဟက်ဂ်ကို ဆာဟာ သတိပေး
Photo: X
Photo: X
Published 12 September 2024

မန်ယူတိုက်စစ်မှူးဟောင်း ဆာဟာက အသင်းနည်းပြ တန်ဟက်ဂ်အနေဖြင့် ယခုတစ်ပတ်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဆောက်သမ်တန်အသင်းကို ရှုံးနိမ့်ပါက ရာထူးမှထုတ်ပယ်ခံနိုင်သည်ဟု သတိပေးပြောကြားခဲ့သည်။

မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၃) အပြီးတွင် ဖူလ်ဟမ်တစ်သင်းတည်းကိုသာ အနိုင်ရပြီး ဘရိုက်တန်နှင့် လီဗာပူးလ်တို့ကို (၂) ပွဲဆက် ရှုံးနိမ့်ထားသည်။

မန်ယူအသင်းသည် အဆိုပါရှုံးပွဲများတွင် ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိသဖြင့် နည်းပြ တန်ဟက်ဂ်မှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး ယခုရာသီတွင် အစောဆုံးထုတ်ပယ်ခံရမည့် နည်းပြအဖြစ် ရေပန်းစားနေသည်။

မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၄) အဖြစ် စက်တင်ဘာ (၁၄)ရက်(စနေနေ့)တွင် ဆောက်သမ်တန်အသင်းကို အဝေးကွင်း သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ယင်းပွဲတွင် ခြေစွမ်းမကောင်းပါက တန်ဟက်ဂ်အနေဖြင့် ရာထူးမှထုတ်ပယ်ခံရနိုင်ကြောင်း ဆာဟာက သတိပေးခဲ့ခြင်းဖြစ်သည်။

ဆာဟာက ''လီဗာပူးလ်နဲ့ပွဲမှာ ရလဒ်ထက် အသင်းရဲ့စွမ်းဆောင်မှုက ပြောစရာဖြစ်ခဲ့တာပါ။ တန်ဟက်ဂ် ဝေဖန်ခံနေရတာက မန်ယူအသင်း ကစားပုံမကောင်းလို့ပါ။ တကယ်လို့ ဆောက်သမ်တန်နဲ့ကစားမယ့်ပွဲမှာ ဆောက်သမ်တန်အသင်းက မန်ယူအသင်းကို လီဗာပူးလ်ကစားသလို အပေါ်စီးကစား ပြီး အနိုင်ယူသွားမယ်ဆိုရင် တန်ဟက်ဂ်အနေနဲ့ သူ့ရာထူးကို ကာကွယ်နိုင်တော့မှာ မဟုတ်ပါဘူး''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent