ဆီးရီးယားနိုင်ငံအလယ်ပိုင်းတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှု ကြောင့် လူခုနစ်ဦးသေဆုံး

ဆီးရီးယားနိုင်ငံအလယ်ပိုင်းတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှု ကြောင့် လူခုနစ်ဦးသေဆုံး
Published 10 September 2024

ဆီးရီးယားနိုင်ငံ အလယ်ပိုင်းတွင် စက်တင်ဘာ ၈ ရက်နှောင်းပိုင်းက အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများ ကြောင့် လူခုနစ်ဦးထက် မနည်းသေဆုံးခဲ့သည်ဟု စစ်ပွဲလေ့ လာစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဆီးရီးယားတွင် ပြည်တွင်းစစ်စတင် ဖြစ်ပွားသည့် ၂၀၁၁ ခုနှစ်ကတည်းက အစ္စရေးသည် ယင်းနေရာတွင် အထူးသဖြင့် အီရန်လိုလားသော အဖွဲ့များကို ပစ်မှတ်ထား၍ ရာနှင့်ချီသော လေကြောင်းတိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့သည်။

“မက်စ်ရက်ဖ်ဒေသမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ခုနစ်ဦးရှိပါ တယ်။ သေဆုံးသူတွေထဲမှာ သုံးဦးက အရပ်သားဖြစ်ပြီး သူတို့တွေထဲမှာတော့ ကားတစ်စီးထဲမှာရှိတဲ့ သားအဖ နှစ်ဦးအပါအဝင် ဖြစ်ပါတယ်။ နောက်ထပ် သေဆုံးသူတွေကတော့ စစ်သားလေးဦးပါ”ဟု ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့သည်။

ယင်းတိုက်ခိုက်မှုကြောင့် နောက်ထပ် လူ ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယင်းဒေသရှိ စစ်ဘက်အဆောက်အအုံများ ပျက်စီးခဲ့သည်ဟု ဆိုသည်။

“အီရန်လိုလားတဲ့ အဖွဲ့တွေနဲ့ လက်နက်ထုတ်လုပ်မှု ကျွမ်းကျင်သူတွေရှိတဲ့ မက်စ်ရက်ဖ်ဒေသမှာ ပြင်း ထန်တဲ့ ပေါက်ကွဲမှုဖြစ်စဉ် ၁၃ ခုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားတဲ့ ဇုန်အတွင်းမှာ သိပ္ပံဆိုင်ရာ သုတေသနစင်တာတွေ လည်းရှိပါတယ်”ဟု အဖွဲ့က ထုတ်ပြန်ခဲ့သည်။

Ref:AFP

         

Most Read

Most Recent