ရုရှားစစ်ဘက်သုံးဒရုန်း နေတိုးနယ်မြေ လတ်ဗီးယားနိုင်ငံထဲတွင် ပျက်ကျခဲ့ဟု လတ်ဗီးယားသမ္မတ ပြောကြား

ရုရှားစစ်ဘက်သုံးဒရုန်း နေတိုးနယ်မြေ လတ်ဗီးယားနိုင်ငံထဲတွင် ပျက်ကျခဲ့ဟု လတ်ဗီးယားသမ္မတ ပြောကြား
Published 10 September 2024

ရုရှားစစ်ဘက်သုံးဒရုန်းသည် မိမိတို့၏ နယ်မြေထဲတွင် ပျက်ကျခဲ့သည်ဟု စက်တင်ဘာ ၈ ရက်တွင် လတ်ဗီးယားသမ္မတက ပြောကြားခဲ့ပြီး နေတိုး၏အရှေ့ဘက်နယ်စပ်တစ်လျှောက်တွင် လေပိုင်နက်ချိုးဖောက်မှု ပိုမိုများပြားလာခဲ့သည်ဟု ဆိုသည်။

တစ်ချိန်က ဆိုဗီယက်အုပ်ချုပ်ခဲ့သော ဘောလ်တစ်နိုင်ငံဖြစ်ပြီး ယခုအခါ ဥရောပသမဂ္ဂနှင့်နေတိုး အဖွဲ့ဝင်နိုင်ငံဖြစ်သော လတ်ဗီးယားသည် လွတ်လပ်ရေးရပြီးကတည်းက ရုရှားနှင့်ဆက်ဆံရေး တင်းမာခဲ့သည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလထဲတွင် ရုရှားက ယူကရိန်းကို ကျူးကျော်ကတည်းက လတ်ဗီးယားနှင့်ရုရှားတို့ ၏ဆက်ဆံရေးများသည် ထပ်မံယိုယွင်းခဲ့သည်။

“ရုရှားစစ်ဘက်သုံး ဒရုန်းဟာ စက်တင်ဘာ ၇ ရက်က လတ်ဗီးယားအရှေ့ပိုင်းဒေသမှာ ပျက်ကျခဲ့ပါတယ်။ စုံစမ်းစစ်ဆေးတာတွေ လုပ်နေပါတယ်”ဟု လတ်ဗီးယားသမ္မတ အက်ဂါရန်ကီဗစ်က ဆိုရှယ်မီဒီယာ X တွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ကတော့ မဟာမိတ်တွေနဲ့ အနီးကပ် အဆက်အသွယ်လုပ်နေပါတယ်။ အဲဒီလိုမျိုးဖြစ်ရပ်တွေဟာ နေတိုးရဲ့အရှေ့ဘက် စစ်နံတစ်လျှောက်မှာ တိုးလာနေပါတယ်။ အဲဒီကိစ္စကို ကျွန်တော်တို့ စုပေါင်းကိုင်တွယ် ကြရပါမယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

အဆိုပါဒရုန်းသည် ဘီလာရုစ်မှ လတ်ဗီးယားလေပိုင်နက်ကို ပျံလာခြင်းဖြစ်ပြီး ရီဇက်ကနီ စည်ပင်သာ ယာဒေသတွင် ပျက်ကျသွားခဲ့သည်ဟု ဆိုသည်။                                             

Ref:AFP

Most Read

Most Recent