ရာသီအဖွင့် (၃)ပွဲဆက်နိုင်ပွဲပျောက်ခဲ့ခြင်းနှင့်ပတ်သက်၍ အဖြေရှာဖွေသွားမည်ဟု အေစီမီလန်နည်းပြ  ဖွန်ဆီကာဆိုခဲ့ပြီး ကစားသမားများဘက်မှကာကွယ်

ရာသီအဖွင့် (၃)ပွဲဆက်နိုင်ပွဲပျောက်ခဲ့ခြင်းနှင့်ပတ်သက်၍ အဖြေရှာဖွေသွားမည်ဟု အေစီမီလန်နည်းပြ  ဖွန်ဆီကာဆိုခဲ့ပြီး ကစားသမားများဘက်မှကာကွယ်
Photo: Milan Posts
Photo: Milan Posts
Published 2 September 2024

အေစီမီလန်အသင်း၏ ပေါ်တူဂီလူမျိုးနည်းပြ ဖွန်ဆီကာက ရာသီအဖွင့် စီးရီးအေပွဲစဉ် (၃)ပွဲဆက်နိုင်ပွဲပျောက်ခဲ့ခြင်းနှင့်ပတ်သက်၍ မိိမိအနေဖြင့် အဖြေရှာဖွေသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

အေစီမီလန်အသင်းသည် ယခုရာသီ စီးရီးအေပွဲစဉ် (၃)ပွဲကစားပြီးချိန်တွင် နိုင်ပွဲမရရှိသေးဘဲ (၂)ပွဲသရေ၊ (၁)ပွဲရှုံးရမှတ် (၂)မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် (၁၄)နေရာတွင်ရပ်တည်လျက်ရှိနေသည်။

အေစီမီလန်အသင်းသည်  ၂၀၂ ၁-၂၂ ရာသီတွင် အသင်းအား စီးရီးအေချန်ပီယံဆု တစ်ကျော့ပြန်ရရှိစေရန် ဦးဆောင်ပေးနိုင်ခဲ့သည့် ပီအိုလီနှင့် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီကုန်တွင် လမ်းခွဲခဲ့ပြီးနောက် ရိုးမားနည်းပြဟောင်း ဖွန်ဆီကာအား နည်းပြသစ်အဖြစ်ပြောင်းလဲခန့်အပ်ခဲ့ခြင်းဖြစ်သည်။

အေစီမီလန်အသင်းတာဝန်ရှိသူများသည် ဖွန်ဆီကာလက်ထက်တွင် အသင်းအတွက် ကစားသမားသစ်ခေါ်ယူမှုများ၊ အပြောင်းအလဲများ ပြုလုပ်ပေးခဲ့သော်လည်း အသင်းမှာ ရာသီအစတွင်ပင် ရလဒ်ကောင်းများရရှိရန် ရုန်းကန်နေရပြီး ခြေစွမ်းပိုင်းမှာလည်း တိုးတက်ကောင်းမွန်လာခြင်း မရှိသည့်အတွက်ဝေဖန်မှုများနှင့် ရင်ဆိုင်နေရကြောင်းသိရသည်။

ဖွန်ဆီကာက ''လက်ရှိအခြေအနေကို အမြန်ဆုံးကျော်ဖြတ်ဖို့ ကျွန်တော်တို့အားလုံး ဆန္ဒရှိပါတယ်။ ကစားသမားတချို့က ကြံ့ခိုင်မှုမပြည့်ဝသလို၊ ကစားသမားသစ်တွေအနေနဲ့လည်း ပုံမှန်ခြေစွမ်းရဖို့ ကြိုးစားနေရတာတွေရှိပါတယ်။ ဒါပေမဲ့ ရလဒ်ကောင်းတွေရဖို့သာအရေးကြီးဆုံးပါ။ ဒီအတွက်လည်း ကျွန်တော်တို့အမြန်ဆုံးအဖြေရှာသွားမှာပါ'' ဟုပြောကြားခဲ့သည်။

လက်ရှိတွင်ဖွန်ဆီကာအနေဖြင့် အနာဂတ်လှုပ်ခတ်မှုများကြုံတွေ့နေပြီး နောက်ထပ် (၂)ပွဲခန့်စောင့်ကြည့်ဖွယ်ရှိနေကြောင်းသိရသည်။

Most Read

Most Recent