ဘာစီလိုနာအသင်းထံ ပြန်ပြောင်းရန် တောင်းဆိုခြင်းမရှိဟု ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာ တုံ့ပြန်

ဘာစီလိုနာအသင်းထံ ပြန်ပြောင်းရန် တောင်းဆိုခြင်းမရှိဟု ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာ တုံ့ပြန်
Photo: X
Photo: X
Published 28 August 2024

 

ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းမှ ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာက ဘာစီလိုနာအသင်းထံ သူ့အား ပြန်လည်ခေါ်ယူရန် တောင်းဆိုခဲ့သည်ဆိုသည့်သတင်းများကို ပြောရေးဆိုခွင့်ရှိသူမှတစ်ဆင့် ငြင်းဆန်ခဲ့သည်။

နေမာ(၃၂ နှစ်)သည် ဘာစီလိုနာအသင်းတွင် ပြိုင်ပွဲစုံ ပွဲ ၂ဝဝနီးပါး ကစားခဲ့ဖူးသူဖြစ်ပြီး ဘာစီလိုနာအသင်းက ဘီလ်ဘာအို တောင်ပံကစားသမား နီကိုဝီလျံစ်ကို ခေါ်ယူနိုင်ခြင်းမရှိသည့်အတွက် ၎င်းကို ပြန်လည် ခေါ်ယူရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ 

သို့သော် ဒဏ်ရာပြဿနာများနှင့် ဆက်တိုက်ရင်ဆိုင်နေရသည့် နေမာအား ခေါ်ယူခြင်းမပြုရန် ဟန်ဆီဖလစ်ခ်က ငြင်းပယ်ခဲ့ကြောင်း Goal.com က ဖော်ပြခဲ့သည်။ 

"အယ်လ်ဟီလာအသင်းကနေ ဘာကာထံ ပြန်မယ့် နေမာရဲ့သတင်းတွေက မုသားတွေပါပဲ။ အယ်လ်ဟီလာအသင်းနဲ့ ကစားသမားအပေါ် လုံးဝလေးစားမှုမရှိသလိုပါပဲ။ နေမာ ဟာ အယ်လ်ဟီလာအသင်းအောက်မှာ စာချုပ်သက်တမ်းရှိနေပြီး ပြီးတော့လည်း သူဟာ ရီယာ့ဒ်မှာ ပျော်ပါတယ်။ မကြာခင်မှာ ပရိသတ်တွေ ဝမ်းသာကျေနပ်စေဖို့ ပြန်လာမှာပါ"ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 

နေမာ သည် အယ်လ်ဟီလာအသင်းတွင် ပြိုင်ပွဲစုံ ငါးပွဲသာ ကစားထားရကာ တစ်ဂိုး သွင်းခဲ့သည်။