မန်စီးတီးအသင်းနှင့် အနာဂတ်ကို အိုလံပစ်ပြိုင်ပွဲပြီးမှသာ ဆုံးဖြတ်မည်ဟု အာဂျင်တီးနားတိုက်စစ်ကစားသမား အယ်လ်ဗာရက်ဇ် ပြောကြား

မန်စီးတီးအသင်းနှင့် အနာဂတ်ကို အိုလံပစ်ပြိုင်ပွဲပြီးမှသာ ဆုံးဖြတ်မည်ဟု အာဂျင်တီးနားတိုက်စစ်ကစားသမား အယ်လ်ဗာရက်ဇ် ပြောကြား
Photo: Eurosport
Photo: Eurosport
Published 31 July 2024

 

အာဂျင်တီးနားတိုက်စစ်ကစားသမား အယ်လ်ဗာရက်ဇ်က မန်စီးတီးအသင်းနှင့် အနာဂတ်ကို အိုလံပစ်ပြိုင်ပွဲပြီးမှသာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အယ်လ်ဗာရက်ဇ်(၂၄ နှစ်)သည် ကိုပါအမေရိကချန်ပီယံအသင်းတွင် အဓိကကစားသမားတစ်ဦး ဖြစ်ခဲ့ပြီး ယခု အိုလံပစ်အသင်းတွင်လည်း ဦးဆောင်ကစားသမားအဖြစ် ကစားလျက်ရှိသည်။ အယ်လ်ဗာရက်ဇ်သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ်လက မန်စီးတီး အသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်တိုး ထားပြီး ၂၀၂၈ ခုနှစ်အထိ ရှိနေမည်ဖြစ်သည်။ 

သူ၏အနာဂတ်အကြောင်း မေးမြန်းခဲ့မှုကို အယ်လ်ဗာရက်ဇ်က "စကားအမြောက်အမြား ပြောရမယ်။ အခု အိုလံပစ်ပြိုင်ပွဲကိုပဲ အာရုံစိုက်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကာလတိုပြိုင်ပွဲတစ်ခု ဖြစ်နေလို့ပါပဲ။ မန်စီးတီးအသင်းမှာ စိတ်ခံစားချက်ကတော့ အရမ်းကောင်းပါတယ်။ ပထမဆုံး ရက်အနည်းလောက် အနားယူပြီး အဲဒီနောက်မှာတော့ ဆုံးဖြတ်ချက် ချမှတ်ဖြစ်ပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent