ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် မြန်မာနိုင်ငံမှ ခုနစ်မြို့အထိပါဝင်နေပြီး ချောက်မြို့မှာ ၄၈ ဒသမ ၂ ဒီဂရီစင်တီဂရိတ်ဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေ

ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် မြန်မာနိုင်ငံမှ ခုနစ်မြို့အထိပါဝင်နေပြီး ချောက်မြို့မှာ ၄၈ ဒသမ ၂ ဒီဂရီစင်တီဂရိတ်ဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေ
Published 29 April 2024

ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် မြန်မာနိုင်ငံမှခုနစ်မြို့အထိပါဝင်နေပြီး ချောက်မြို့မှာ ၄၈ ဒသမ ၂ ဒီဂရီစင်တီဂရိတ်ဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေကြောင်း မိုးလေဝသ သတင်းများ ဖော်ပြလျက်ရှိသည့် Eldoradoweather ၌ ဖော်ပြထားသည်။

ဧပြီ ၂၉ ရက် မွန်းလွဲ ၂ နာရီတွင် ထုတ် ပြန်ထားသည့် စာရင်းတွင် မကွေးတိုင်းဒေသကြီး ချောက်မြို့မှာ ထိပ်ဆုံးနေရာတွင်ရှိနေပြီး အခြားမြို့မှာ မကွေး၊ ညောင်ဦး၊ မင်းဘူး၊ စစ် ကိုင်း၊ မန္တလေး၊ မုံရွာမြို့များလည်း ပါဝင်လာခဲ့ သည်ကို တွေ့ရသည်။

မကွေးမြို့မှာ ၄၆ ဒသမ ၁ ဒီဂရီစင်တီ ဂရိတ်ဖြင့် အဆင့် ၃ နေရာတွင်လည်းကောင်း၊ ညောင်ဦးမြို့မှာ ၄၆ ဒီဂရီစင်တီဂရိတ်ဖြင့် အ ဆင့် ၄ နေရာတွင်လည်းကောင်း၊ မင်းဘူးနှင့် စစ်ကိုင်းမြို့မှာ ၄၅ ဒသမ ၅ ဒီဂရီစင်တီဂရိတ် ဖြင့် အဆင့် ၇ နှင့် ၈ နေရာတွင်လည်းကောင်း၊ မန္တလေးမြို့နှင့် မုံရွာမြို့မှာ ၄၄ ဒသမ ၈ ဒီဂရီ စင်တီဂရိတ်ဖြင့် အဆင့် ၁၁ နှင့် ၁၃ နေရာများ တွင်လည်းကောင်း တည်ရှိလျက်ရှိသည်ဟု Eldoradoweather ၌ ဖော်ပြထားသည်။

 မကွေးတိုင်းဒေသကြီး ချောက်မြို့မှာ ဧပြီလအတွင်း ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် ထိပ်ဆုံးနေရာတွင် ရပ်တည်လျက်ရှိသည့် မြို့ တစ်မြို့လည်း ဖြစ်သည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦး စီးဌာန၏ ဧပြီ ၂၉ ရက်ထုတ်ပြန်ချက်တွင်လည်း ဧပြီ ၂၈ ရက်တွင် မြန်မာနိုင်ငံ၌ ထူးခြားသည့် နေ့အပူချိန်များ ဖြစ်ပေါ်ခဲ့သည့် မြို့များတွင် ချောက်မြို့လည်း ပါဝင်ခဲ့သည်။

ထူးခြားသည့် နေ့အပူချိန်များမှာ ချောက် မြို့တွင် ၄၈ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်၊ မကွေး မြို့တွင် ၄၆ ဒသမ ၁ ဒီဂရီဆဲလ်စီးယပ်၊ မြင်းခြံ မြို့နှင့် ညောင်ဦးမြို့တို့တွင် ၄၆ ဒီဂရီ ဆဲလ်စီး ယပ်စီ၊ မြင်းမူမြို့တွင် ၄၅ ဒသမ ၆ ဒီဂရီဆဲလ် စီးယပ်၊ စစ်ကိုင်းမြို့၊ တံတားဦး(လေကြောင်း မိုးလေဝသ)နှင့် မင်းဘူးမြို့တို့တွင် ၄၅ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စီ၊ အောင်လံမြို့တွင် ၄၅ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်နှင့် တောင်တွင်းကြီး မြို့တွင် ၄၅ဒီဂရီဆဲလ်စီးယပ်တို့ ဖြစ်ကြသည် ဟု မိုးဇလက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ ဧပြီလ တတိယပတ်အတွင်း မြန်မာနိုင်ငံအ လယ်ပိုင်းဒေသများတွင် ဧပြီလ ပျမ်းမျှအပူ ချိန်၏ ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်နှင့်အထက် နေ့အပူချိန်ပိုနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလ ပျမ်းမျှအပူ ချိန်၏ ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်နှင့်အထက် ပိုနိုင်ပြီး ကချင်၊ ချင်း၊ ရခိုင်နှင့် ကရင်ပြည် နယ်တို့တွင် ဧပြီလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent