■ လာလီဂါပွဲစဉ် (၂၉) ပွဲကြိုသုံးသပ်ချက် 

■ လာလီဂါပွဲစဉ် (၂၉) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 15 March 2024

မာယော့ကာ - ဂရန်နာဒါ (မြန်မာစံတော်ချိန် မတ်လ ၁၆ ရက် ည ၇:၃၀ နာရီ)

တန်းဆင်းဇုန်နဲ့ အမှတ်သိပ်မကွာလို့ မာယော့ကာ အမှတ်ရှာရဦးမယ်။ ဂရန်နာဒါက တန်းမဆင်းရရေး ရုန်းကန်နေရပေမဲ့ အဝေးကွင်းဆို ခံစစ်က အားလျော့လွန်းတယ်။ မာယော့ကာနဲ့ ဂိုးအများကို ရွေးထားမယ်။



အိုဆာဆူနာ - ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် မတ်လ ၁၆ ရက် ည ၉:၄၅ နာရီ)

အမှတ်ပေးဇယားထိပ်ဆုံးက ရီးယဲလ်က အတိမ်းအဆောင်း မရှိအောင် ထိန်းပြီးသွားနေတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း အဝေးကွင်းမှာ သရေပွဲတွေပဲ ဆက်နေလို့ အိုဆာဆူနာကိုလည်း ခက်ခက်ခဲခဲ ရင်ဆိုင်ရဦးမယ့်ပုံပေးနေတယ်။ အိုဆာဆူနာကလည်း အိမ်ကွင်းခြေစွမ်းပြန်တက်လာတယ်။ အိမ်ကွင်းခံစစ်ကစားပုံလည်းကောင်းလို့ ရီးယဲလ်မက်ဒရစ်တိုက်စစ်ကတော့ ဂိုးရဖို့ ရုန်းကန်ရဦးမှာ သေချာပါတယ်။ ရီးယဲလ်မက်ဒရစ်ခံစစ်ကလည်း အခုတလော အဝေးကွင်းပွဲတွေမှာ သိပ်စိတ်မချရလို့ ဘူဒီမာ ခြေစွမ်းပြ ဂိုးပေါက်တွေ့နေတဲ့ အိုဆာဆူနာတိုက်စစ်ကို ခက်ခက်ခဲခဲ ထိန်းချုပ်ရဖို့ရှိတယ်။ အစဉ်အလာအရ ရီးယဲလ် အသာစီးရနေပေမဲ့ လက်ရှိအနေအထားတွေအရတော့ အိုဆာဆူနာက ရီးယဲလ်မက်ဒရစ်ကို သရေခံကစားသွားနိုင်တယ်။ အိုဆာဆူနာနဲ့ ဂိုးအနည်းကိုပဲ ရွေးထားချင်တယ်။



ဂီတာဖေး - ဂျီရိုနာ (မြန်မာစံတော်ချိန် မတ်လ ၁၆ ရက် ည ၁၂:၀၀ နာရီ)

ဂျီရိုနာက ရီးယဲလ်မက်ဒရစ်ကို ဖိအားပေးဖို့ကြိုးစားနေပေမဲ့ အခုတလော အသင်းက  အဝေးကွင်းကစားပုံအားလျော့နေသလိုမျိုး တွေ့ရတယ်။ အဝေးကွင်းမှာ အရင်လိုတိုက်စစ်အစွမ်းပြပြီး ဂိုးတွေသွင်းနိုင်တာမျိုးလည်း သိပ်မရှိတော့ဘူး။ ဂီတာဖေးက အိမ်ကွင်းဆိုရင် ပိုမာကျောပြီး တိုက်စစ်လည်း ပိုဖွင့်ကစားနိုင်တယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေကိုကြည့်ရင်လည်း အိမ်ကွင်းဆိုရင် ဂီတာဖေးက ရလဒ်ကောင်းလေ့ရှိတာတွေ့ရတယ်။ ဂီတာဖေးနဲ့ ဂိုးအများကို ကြိုက်တယ်။



ဘီလ်ဘာအို - အလာဗတ်စ် (မြန်မာစံတော်ချိန် မတ်လ ၁၇ ရက် နံနက် ၂:၃၀ နာရီ)

ဘီလ်ဘာအိုက ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်လို့ရနေပါပြီ။ ကစားပုံပြန်ကောင်းနေသလို၊ အိမ်ကွင်းဆိုရင်လည်း (၃)မှတ်ရအောင် ယူနေတယ်။ အလာဗတ်စ်က အဝေးကွင်းအားနည်းလို့ ဘီလ်ဘာအိုနဲ့ ဂိုးအနည်းကို ကြိုက်တယ်။

Most Read

Most Recent