ကွန်းဖရန့်လိဂ်(၁၆)သင်းအဆင့် ပထမအကျော့ ပွဲကြိုသုံးသပ်ချက်

ကွန်းဖရန့်လိဂ်(၁၆)သင်းအဆင့် ပထမအကျော့ ပွဲကြိုသုံးသပ်ချက်
Photo: Facebook
Photo: Facebook
Published 7 March 2024

အေဂျက်စ် နှင့် အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း ၁၅ နာရီ)

အက်စတွန်ဗီလာအသင်းနဲ့ နည်းပြ အူနိုင်းအမ်မရီတို့အတွက် ဗျာများနေနိုင်တဲ့ အခြေအနေပါ။ ပရီးမီးယားလိဂ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အလားအလာကောင်းနေတဲ့အပြင် ဒီပွဲပြီးရင် နောက်ကဖိအားလိုက်ပေးနေတဲ့ စပါးနဲ့ အဆုံးအဖြတ်ပွဲလို ကစားရမှာဖြစ်လို့ ဗီလာအသင်း ဖိအားများနေလောက်တယ်။ အေဂျက်စ်အသင်းကတော့ နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေ ပြန်ကျဆင်းလာသလိုပဲ။ ဒါပေမဲ့ ဒီရာသီ အေဂျက်စ်အတွက် ကွန်းဖရန့်လိဂ်က ဂုဏ်သိက္ခာဆယ်ဖလားဖြစ်နေတာ ထည့်တွက်ရမယ်။ ဗီလာအသင်း နိုင်ရင်တောင် ဂိုးမပြတ်နိုင်လို့ အေဂျက်စ်ကို ကြိုက်တယ်။

မိုလ်ဒီ နှင့် ကလပ်ဘရုဂေး (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း ၁၅ နာရီ)

ကစားသမားပိုင်းမှာ ဘယ်လ်ဂျီယံကလပ် ဘရုဂေးအသင်းက အနည်းငယ်သာပါတယ်။ ဒါပေမဲ့ နော်ဝေမြေမှာ မိုလ်ဒီက ရုန်းကန်အားကောင်းတာကို သတိပြုရမယ်။ အိမ်ရှင်အသင်းကိုပဲ ရွေးချယ်ချင်တယ်။

စတမ်းဂရက်ဇ် နှင့် လိုင်လီ (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း ၁၅ နာရီ)

သြစတြီးယားကလပ် စတမ်းဂရက်ဇ်အသင်းက Winter Break အပြီး ပြန်လည်ကစားချိန်မှာ (၆)ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ဘဲ (၄)ပွဲနိုင်၊ (၂)ပွဲသရေကျခဲ့တယ်။ လိုင်လီအသင်းကတော့ လတ်တလောမှာ ရလဒ်တွေ အနည်းငယ်ကျဆင်းနေပြီး လီဂူးမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးကြီးဆုံးအချိန်ကို ရောက်နေတယ်။ အိမ်ရှင်နဲ့ စွန့်စားချင်တယ်။

ဆန်လွိုက်ဆီ နှင့် ဖီနာဘာချီ (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ဘယ်လ်ဂျီယံကလပ် ဆန်လွိုက်ဆီအသင်းက ပြီးခဲ့တဲ့အဆင့်မှာ ဖရန့်ဖတ်ကို ကျော်ဖြတ်ပြီး (၁၆)သင်းအဆင့် တက်ရောက်လာခဲ့တာပါ။ လတ်တလောရလဒ်ပိုင်းအရလည်း ဆန်လွိုက်ဆီအသင်းက (၅)ပွဲဆက် အနိုင်ကစားပြီး နိုင်ပွဲဆက်နေတယ်။ ဖီနာဘာချီကလည်း ပြိုင်ပွဲစုံ နောက်ဆုံး(၂၄)ပွဲမှာ ပြည် တွင်းဖလားပွဲတစ်ပွဲသာ အရေးနိမ့်ခဲ့တာဖြစ်တယ်။ ဖီနာဘာချီ မရှုံးလောက်ဘူး။

မက္ကာဘီဟိုင်ဖာ နှင့် ဖီအိုရင်တီးနား (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ဖီအိုရင်တီးနားအသင်းက စီးရီးအေမှာ ဥရောပဝင်ခွင့်အတွက် အရေးပါနေချိန်ဆိုပေမဲ့ လတ်တလောရလဒ်ပိုင်းအရ သိပ်အာရုံမစိုက်တော့တဲ့ပုံပါပဲ။ ဒါကြောင့် ကွန်းဖရန့်လိဂ်နဲ့ ကိုပါအီတာလီယာစတဲ့ ဖလားပြိုင်ပွဲတွေကို ပိုပြီးဖိဖိစီးစီးကစား လာနိုင်ခြေတော့ ပိုများပါတယ်။ ဖီအိုရင်တီးနားက လတ်တလောမှာ အဝေးကွင်းဆို ပိုမိုရုန်းကန်နေရပြီး (၆)ပွဲဆက်တိုက် နိုင်ပွဲပျောက်ကာ နောက်ဆုံး(၁၀)ပွဲမှာလည်း (၁)ပွဲပဲ အနိုင်ရခဲ့ပါတယ်။ မက္ကာဘီဟိုင်ဖာအသင်း ရလဒ်တွေကောင်းနေပေမဲ့ အဆင့်ချင်း ကွာလွန်းပါတယ်။ ကြားကွင်းကစားရမှာလည်းဖြစ်လို့ ဖီအိုရင်တီးနားပဲ နိုင်ဖို့များတယ်။