■ စီးရီးအေ၏ ချန်ပီယံပြိုင်ပွဲ ပြီးဆုံးသွားပြီဟု ပီအိုလီ ဆို

■ စီးရီးအေ၏ ချန်ပီယံပြိုင်ပွဲ ပြီးဆုံးသွားပြီဟု ပီအိုလီ ဆို
Photo: Getty Images
Photo: Getty Images
Published 1 March 2024

အေစီမီလန်အသင်း၏နည်းပြ ပီအိုလီက ယခုရာသီ စီးရီးအေ၏ ချန်ပီယံပြိုင်ပွဲ ပြီးဆုံးသွားပြီဟု သုံးသပ်ပြောကြားခဲ့သည်။ 

စီးရီးအေပြိုင်ပွဲသည် ပွဲစဉ်(၂၆)အပြီးတွင် အင်တာမီလန်အသင်းက ဒုတိယနေရာမှ ဂျူဗင်တပ်စ်အသင်းကို (၁၂)မှတ်ဖြတ်ထားပြီး တတိယနေရာမှ အေစီမီလန်အသင်းကို (၁၆)မှတ် ဖြတ်ထားနိုင်ခဲ့ပြီဖြစ်သည်။ 

ထို့ကြောင့် ပီအိုလီက ချန်ပီယံပြိုင်ပွဲ ပြီးဆုံးသွားပြီဟု ပြောကြားခဲ့ခြင်းဖြစ်ပြီး အင်တာမီလန်အသင်းသည် အံ့အားသင့်စရာကောင်းသည့် စွမ်းဆောင်ရည်ကို ပြသနေကြောင်းလည်း ဆိုခဲ့သည်။ 

အေစီမီလန်အသင်းသည် အင်တာမီလန်အသင်းနှင့် ဧပြီ(၂၁)တွင် ဒုတိယအကျော့အဖြစ် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent