■ ဒီဇယ်ဘီကို သက်တမ်းတိုးရန် ဘရိုက်တန် ဆန္ဒရှိ

■ ဒီဇယ်ဘီကို သက်တမ်းတိုးရန် ဘရိုက်တန် ဆန္ဒရှိ
Photo: Sky Sports
Photo: Sky Sports
Published 23 February 2024

ဘရိုက်တန်အသင်းသည် ဘာစီလိုနာအသင်း ခေါ်ယူရန် ပစ်မှတ်ထားနေသည့် နည်းပြ ဒီဇယ်ဘီကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ဆန္ဒရှိနေကြောင်း သိရသည်။ 

အီတလီနည်းပြ ဒီဇယ်ဘီသည် ဘရိုက်တန်အသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်သည်။ 

ဒီဇယ်ဘီသည် လက်ရှိတွင် ဘာစီလိုနာနှင့် လီဗာပူးလ်တို့အပါအဝင် အခြားထိပ်တန်းအသင်းများ၏ ပစ်မှတ်ထားခြင်းကို ခံနေရသည့်နည်းပြတစ်ဦးဖြစ်သည်။ 

ထို့ကြောင့် ဘရိုက်တန်အသင်းက ၎င်းကို သက်တမ်းတိုးရန် စီစဉ်နေကြောင်း Mundo Deportivo က ဖော်ပြခဲ့သည်။

Most Read

Most Recent