ချယ်လ်ဆီးကို အရင်လိုအောင်မြင်မှုများ ရရှိအောင် ပိုချက်တီနို စွမ်းဆောင်ပေးနိုင်မည်ဟု ဟာဇက် ပြောကြား

ချယ်လ်ဆီးကို အရင်လိုအောင်မြင်မှုများ ရရှိအောင် ပိုချက်တီနို စွမ်းဆောင်ပေးနိုင်မည်ဟု ဟာဇက် ပြောကြား
Photo : Getty Images
Photo : Getty Images
Published 22 February 2024

ချယ်လ်ဆီးဂန္ထဝင်ကစားသမား ဟာဇက်က နည်းပြ ပိုချက်တီနိုအနေဖြင့် ချယ်လ်ဆီးအသင်းကို အရင်လိုအောင်မြင်မှုများ ရရှိအောင် စွမ်းဆောင်ပေးနိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ရုန်းကန်နေရပြီး ပွဲစဉ် (၂၅) အပြီးတွင် ရမှတ် (၃၅) မှတ်ဖြင့် အဆင့် (၁၀) ရောက်ရှိနေပြီး အဆင့် (၄) နေရာမှ အက်စတွန်ဗီလာ (၄၉ မှတ်)နှင့် (၁၄) မှတ်အထိ ကွာဟနေသည်။

ထို့ကြောင့် နည်းပြ ပိုချက်တီနိုမှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး ရာထူးမှထုတ်ပယ်ခံရမည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။ သို့သော် ဟာဇက်က ပိုချက်တီနိုကို သဘောကျကြောင်းနှင့် ၎င်းသည် ချယ်လ်ဆီးအသင်းကို အရင်လိုအောင်မြင်မှုများ ရယူပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဟာဇက်က "ချယ်လ်ဆီးပရိသတ်တစ်ဦးအနေနဲ့ အသင်း နံပါတ် (၁) ဖြစ်နေတာကိုပဲ လိုချင်တယ်။ အသင်း ပွဲတိုင်းနိုင်တာကိုပဲ လိုချင်တယ်။ ချယ်လ်ဆီးက အခုနည်းပြကောင်း တစ်ဦးကို ပိုင်ဆိုင်ထားတယ်လို့ ထင်ပါတယ်။ ပိုချက်တီနိုကို ကျွန်တော် သဘောကျပါတယ်။ သူဟာ အသင်းကို အရင်လိုအောင်မြင်မှုတွေ ရရှိအောင် စွမ်း ဆောင်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲက အရမ်းခက်ခဲပါတယ်။ လက်ရှိ ချယ်လ်ဆီးအသင်းမှာ ကိုးလ်ပါလ်မာက ထိပ်တန်းကစားသမား ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent