တရုတ်တွင် အပူချိန်ကျဆင်းနေချိန် အမြင့်ဆုံး မိုးလေဝသသတိပေးချက်များ ထုတ်ပြန်

တရုတ်တွင် အပူချိန်ကျဆင်းနေချိန် အမြင့်ဆုံး မိုးလေဝသသတိပေးချက်များ ထုတ်ပြန်
ဖေဖော်ဝါရီ ၂၁ ရက်က ပေကျင်းမြို့တော်တွင် နှင်းများဖုံးလွှမ်းနေသော စက်ဘီးများရပ်ထားသည့်နေရာတွင် လူတစ်ဦးက စက်ဘီးတစ်စီးငှားရမ်းနေစဉ် (Photo:AFP)
ဖေဖော်ဝါရီ ၂၁ ရက်က ပေကျင်းမြို့တော်တွင် နှင်းများဖုံးလွှမ်းနေသော စက်ဘီးများရပ်ထားသည့်နေရာတွင် လူတစ်ဦးက စက်ဘီးတစ်စီးငှားရမ်းနေစဉ် (Photo:AFP)
Published 21 February 2024

တရုတ်နိုင်ငံ တောင်ပိုင်းတစ်ဝန်းတွင် အပူချိန်များ ကျဆင်းနေပြီး ပေကျင်းမြို့တော်တွင် နှင်းများထူထပ်စွာ ကျဆင်းနေချိန်တွင် ဖေဖော်ဝါရီ ၂၁ ရက်တွင် နိုင်ငံတစ်ဝန်းရှိ နေရာအများအပြားတွင် အမြင့်ဆုံးမိုးလေဝသ သတိပေးချက်များ ထုတ်ပြန်ထားသည်။

လက်ရှိအပူချိန် သုညဒီဂရီဆဲလ်စီးယက်စ်ရှိနေသည့် နိုင်ငံတောင်ပိုင်းတွင် ဖေဖော်ဝါရီ ၂၃ ရက်မတိုင်မီ အပူချိန်သည်  ခြောက်ဒီဂရီမှ ၁၂ ဒီဂရီဆဲလ်စီးယက်စ်အထိ ကျဆင်းနိုင်သည်ဟု သတိပေးထားပြီးအာ ဏာပိုင်များက နိုင်ငံ၏ သတိပေးချက်အဆင့် သုံးဆင့်တွင် အမြင့်ဆုံးအဆင့်ဖြစ်သည့် လိမ္မော်ရောင်အဆင့် သတိပေးချက်ကို ထုတ်ပြန်ခဲ့သည်။

အချို့နေရာများတွင် အပူချိန်သည် ၂၀ ဒီဂရီဆဲလ်စီးယက်စ်ကျော်အထိ ပိုမိုကျဆင်းနိုင်ကြောင်း အမျိုးသားမိုးလေဝသစင်တာ (NMC) က လူမှုမီဒီယာတွင် ထုတ်ပြန်ကြေညာထားသည်။

NMC က ဒေသခံအစိုးရများအနေဖြင့် အလွန်အေးသောရာသီဥတုအတွက် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားရန် တိုက်တွန်းခဲ့ပြီး ပြည်သူများအနေဖြင့် ပိုမိုနွေးထွေးသော နေရာများတွင် နေထိုင်ကြရန် အကြံပြုထားကာ ကောက်ပဲသီးနှံများနှင့် ပင်လယ်စာထုတ်ကုန်များကို ကာကွယ်ရန်အတွက် လိုအပ် သောစီမံချက်များကို ဆောင်ရွက်ရန် တိုက်တွန်းထားကြောင်း နိုင်ငံပိုင်ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၂၁ ရက်၌ အပူချိန်သုညဒီ ဂရီဆဲလ်စီးယက်စ်အထိ ကျဆင်းခဲ့သော ပေကျင်းမြို့တော်တွင် တစ်ညလုံး နှင်းထူထပ်စွာ ကျဆင်းခဲ့သောကြောင့် ဒေသခံများသည် နှင်းများဖုံးလွှမ်းနေသော နံနက်ခင်းအချိန်ကို နိုးထခဲ့ရသည်။

မြို့၏ အဝေးပြေးလမ်းများတွင် မော်တော်ယာဉ်များ နှေးကွေးစွာ သွားလာနေကြပြီး လူသွားလမ်းများတွင်လည်း နှင်းများဖုံး အုပ်နေသောကြောင့် လမ်းလျှောက်သွားလာသူများနှင့် စက်ဘီးစီးနင်းသူများအတွက်အ ခက်အခဲဖြစ်နေခဲ့သည်။

အချို့မြို့ပြနေရာများတွင် နှင်းထု ၄ ဒသမ ၁ စင်တီမီတာအထိ ကျဆင်းနိုင်သောကြောင့် အာဏာပိုင်များက ရေခဲဖုံးလွှမ်းနေသော လမ်းများနှင့်ပတ်သက်၍ သတိပေးချက် ထုတ်ပြန်ထားကြောင်း မြူနီစပယ်အာဏာ ပိုင်များက ပြောကြားခဲ့သည်။

“ဒေသခံတွေအနေနဲ့ အများပြည်သူသုံး ဘတ်စ်ကားတွေနဲ့ မြေအောက်ရထားတွေ အသုံးပြုကြဖို့ အကြံပြုထားပြီး ကိုယ်ပိုင်ကား မောင်းနှင်တဲ့အခါမှာလည်း ဖြေးဖြေးသာသာ မောင်းနှင်ဖို့နဲ့ ဘေးကင်းလုံခြုံရေးအတွက် အာရုံစိုက်ဖို့ သတိပေးထားပါတယ်”ဟုဒေသခံ အစိုးရက ဆိုသည်။

တရုတ်နိုင်ငံ အနောက်ဘက်ပိုင်း ရှင်ကျန်းဒေသတွင်လည်း အပူချိန်သည်အနုတ် ၅၂ ဒသမ ၃ ဒီဂရီဆဲလ်စီးယက်စ်အထိ ကျဆင်းကာ ၆၄ နှစ်အတွင်း အအေးဆုံးအဖြစ် စံချိန်တင်ခဲ့သည်ဟု ဆိုသည်။

သီတင်းတစ်ပတ်ကြာ နှစ်သစ်ကူး အားလပ်ရက်ပြီးနောက် လူအများက သက်ဆိုင်ရာနေရာများသို့ ပြန်လာချိန်တွင် တရုတ်နိုင်ငံရှိ နေရာအများအပြားသည် အလွန်အေးခဲသည့် ရာသီဥတုနှင့် ကြုံတွေ့လျက်ရှိသည်။

လွန်ခဲ့သည့်နှစ်တွင် တရုတ်နိုင်ငံ၏ လွန်ကဲသည့် ရာသီဥတုကြောင့် သဲမုန်တိုင်းများမှ မိုးသည်းထန်စွာ ရွာသွန်းမှုများကို ဖြစ်ပေါ်စေခဲ့ပြီး နွေရာသီတွင် စံချိန်တင်ပြင်းထန်သော အပူလှိုင်းနှင့် တိုင်ဖွန်းမုန်တိုင်းအများအပြား ဝင်ရောက်တိုက်ခတ်မှု ဖြစ်ပွားခဲ့သည်။

Ref:AFP

Most Read

Most Recent